ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၉၊ ၂၀၂၄

အာဏာသိမ်းပြီး(၄)နှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၉၅၆) ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ(၁၉)ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ မတရား အာဏာသိမ်းသည့် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီမှ (၂၀၂၄) နိုဝင်ဘာလ (၃၀)ရက်အထိကလေးသေဆုံးမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ကလေးငယ်(၃၀၀) ဦးသေဆုံးခဲ့ပြီး ရှမ်းပြည်နယ်တွင် ကလေးငယ် (၁၀၀) ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူ ကလေးရာခိုင်နှုန်းမှာ (၁၁.၃)ရာခိုင်နှုန်း ရှိပြီး (၂၀၂၁)ခုနှစ်မှာ ကလေးငယ် (၉၅)ဦး၊ (၂၀၂၂)ခုနှစ်မှာ (၁၇၇)ဦးနှင် (၂၀၂၃)ခုနှစ်မှာ (၃၅၅)ဦး သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် လေးနှစ်နီးပါး ကာလအတွင်း လူငယ် စုစုပေါင်း (၂၂၃၆) ဦး သေဆုံးပြီး စစ်ကိုင်းတိုင်းမှ အများဆုံး ဖြစ်‌ကြောင်း နှင့် နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီး သေဆုံးမှုမှာလည်း စုစုပေါင်း (၈၄၈၆)ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

PPV0011
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#အာဏာသိမ်းပြီး(၄)နှစ်အတွင်း
#ကလေးငယ်
#အမျိုးသားညီညွတ်ရေးအစိုးရ
#အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed