ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊၂၀၂၄

စက်သုံးလောင်စာဆီ ဈေးနှုန်းသည် ဒီဇင်ဘာလ ၂၀ ရက်တွင် အဆမတန်ပြန်ပြီး မြင့်တက်လာနေ၍ ယာဥ်အငှားပို့ဆောင်သူများအခက်တွေ့နေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်တွင်တစ်ရက် အတွင်း စက်သုံး လောင်စာဆီ ဈေးနှုန်း ၉၂ တစ်လီတာ ၇၀ ကျပ် ဈေးတက်သွားခြင်း ဖြစ်သည်၊

“အခု ဆိုင်ကယ် ဆွဲရတာလည်း အဆင် မပြေဘူး၊ ဆီဈေးတွေ တက်တော့ ဟိုနား ဒီနားသွားတာတောင် ၅၀၀၀ ကျပ် ပဲတောင်းရတယ်၊ အရမ်းအားနာတယ်၊ လမ်းဆုံကနေ ကန်ကြီးရထား သံလမ်းနားသွားတာတောင် ၅၀၀၀ ကျပ် ပဲ၊ ဆီဈေး အရမ်းတက်တော့ လုပ်ရတာ မလွယ်ဘူး၊ ”ဟု ဆိုင်ကယ် ကယ်ရီသမား တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်တောင်ကြီးမြို့ လောင်စာဆီ ဈေးနှုန်းမှာ ၉၂ တစ်လီတာ ၃၂၃၅ ကျပ်၊ ၉၅ တစ်လီတာ ၃၃၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၇၈၀ ကျပ်နှင့် ပရီမီယမ် ဒီဇယ် ၃၄၁၅ ကျပ် တို့ ဖြစ် ကြောင်း သိရသည်။

ထို့ပြင် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု ဆောင်ရွက် နေသူများ ကလည်း စက်သုံးလောင်စာဆီဈေးနှုန်း တက်လာသဖြင့် တစ်ကြိမ်ပို့ဆောင်ခ ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် အထိ ပေါက်ဈေး ရှိလာကြောင်းသိရသည်၊ ။

ဒီဇင်ဘာလ ၁၉ ရက် ရှမ်းပြည်တောင်ပိုင်း စက်သုံးဆီ ဈေးနှုန်းသည် ၉၂ တစ်လီတာ ၃၁၆၅ ကျပ် ၊ ၉၅ တစ်လီတာ ၃၂၇၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၇၁၅ ကျပ် ၊ ပရီမီယမ် ဒီဇယ် ၃၃၃၅ ကျပ် ဈေး နှုန်းရှိခြင်းဖြစ်သည်။

ကုန်စျေးမြင့်တက် သည့်အပြင် လောင်စာဆီ စျေးပါတက်လာခြင်းကြောင့် အခြေခံ လူတန်းစားအတွက် အခက်ခဲနှင့်ကြုံတွေ့နေရကြောင်းသိရသည်။

#ppv006
#လောင်စာဆီဈေး
#ကုန်စျေး
#Taunggyi

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။