ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၄
ကွတ်ခိုင်တွင် (MNDAA) မောင်းနှင်လာသည့် ကားတစ်စီးသည် အမျိုးသမီး(၁)ယောက်အား ဝင်တိုက်မိရာ ကားတိမ်းမှောက်မှုဖြစ်ပြီး (၂)ဦး ဒဏ်ရာရကြောင်း ဒီဇင်ဘာ(၁၈)ရက်နေ့မှာ (TNLA) မှ ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းယုလေးလမ်းခွဲအကြား နမ့်ခိုင်းတံတားအနီး ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက် နံနက်(၉)နာရီတွင် နမ့်ဖက်ကာမှ အရှိန်ဖြင့် မောင်းနှင်လာသည့် (MNDAA)ကားတစ်စီးသည် လမ်းမကြီးအနီးမှာ အင်တာနက်သုံးနေသည့် အမျိုးသမီးကို ဝင်တိုက်မိရာ ထိုအမျိုးသမီး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ထို အမျိုးသမီးအား ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ (MNDAA)၏ ကားတိမ်းမှောက်မှု ဖြစ်ပွားကာ ကားအတွင်းလိုက်ပါလာသူ အမျိုးသမီး(၁)ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။
ကားဝင်တိုက်ခံရသည့် မိုင်းယုလေးအုပ်စု ပန်းလော့ကျေးရွာနေထိုင်သည့် အမျိုးသမီး အသက်(၅၀)ကို (MNDAA)မှ တာဝန်ယူ ဆေးကုသပေးခဲ့ကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-TNLA
#မှုခင်း
#ကွတ်ခိုင်မြို့
#မိုင်းယုလေးလမ်းခွဲ
#နမ့်ခိုင်းတံတား
#MNDAA
#နမ့်ဖက်ကာ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။