ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၄

တောင်ကြီးမြို့ ဝါးပြားလမ်းဆုံ ဂနိုင်ကန် အမှတ်(၁) ကိုလည်း ရှင်းလင်း၍ အများပြည်သူနှင့် သက်ဆိုင်သော ပန်းခြံ ပြုလုပ်သွားမည် ဟု သတင်းများထွက်ပေါ်နေကြောင်းစုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဝါးပြားလမ်းဆုံ မီးပွိုင့် ရေမြောင်းကို အဆင့်မြှင့်တင်ရန် ဒီဇင်ဘာလ ၁၇ ရက်က စက်ယန္တရားဖြင့် မြေသားများရှင်းလင်းဆောင်ရွက်ခြင်း မြင်တွေ့ရပြီး လမ်းအဖြောင့် တံတား ပြုလုပ်သွားရန် လျာထားကြောင်း ကနဦး သတင်း ကြားသိရသည်။

‘ အခု တံတားလား ဘာလားတော့ လုပ်မယ် ကြားတယ်။ အဲဒီအောက်မှာ ရေကန်ပုံစံ ဆည်ဆိုပြီး ဆောက်ထားတာ ရှိတယ်။ အလံတိုင် အနီရောင် နဲ့ အပြာရောင်တွေ စိုက်ထားတယ်။ လမ်းမီးပွိုင့်နားကိုတော့ မြောင်းတွေ ပေါ်မှာ ဆိုင်ခန်းများ ဆောက်မလားတော့ မသိဘူး။ ရေကန်ထဲမှာလည်း လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အစည်းအဝေးလုပ်တယ်။ ပန်းခြံ လုပ်မယ်ဆိုလားပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘယ်သူကလုပ်ပိုင်ခွင့်ရရှိသည်၊ ဘယ်လိုလုပ်ဆောင်သွားမည်ဆိုသည့်အကြောင်းအသေးစိတ်ကို အတည်ပြုနိုင်ရန် ခမ်းသားငေါဝ်းက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တောင်ကြီးမြို့ ရှိ မြကန်သာ ပန်းခြံကိုလည်း အများပြည်သူ လည်ပတ်နိုင်ရန် ပန်းခြံအဖြစ် ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဒီဇင်ဘာလ ၁၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ကြီး အဆင်းလမ်းတွင် ရှိသော တောင်ကြီးဗျူးပွိုင့် ပန်းခြံ ကိုလည်း ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

#PPV-006
#Taunggyi
#social
#ဝါးပြားလမ်းဆုံ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed