ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၄

ဖယ်ခုံမြို့နယ် ရေလယ်ကျွန်းရှိ လွယ်ပန်းစုံကျေးရွာ နှင့် အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ရေလယ်ကျွန်းရှိ လွယ်ပန်းစုံကျေးရွာ နှင့် အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

” ညနေခင်းအချိန်တော့ လွယ်ပန်းစုံရွာဖက်ပစ်နေတာ၊ အသံကြားရသလောက်ဆယ်လုံးကျော်လောက်ရှိမယ်၊ အိမ်တွေထိသွားတယ်လို့ကြားတယ်၊အတိအကျတော့မသိရဘူး၊ ညပိုင်းတော့ ဒီကုန်းပေါ်ကျေးရွာကိုပစ်တယ်၊ နှစ်လုံးပစ်တယ်၊ တစ်လုံးက ကျွန်တော့တဲ နားလေးပဲကျတယ်၊ မထိသွားလို့ပဲတော်သေးတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြည်သူများကိုဦးတည်ပြီး စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူအချို့တိမ်းရှောင်နေရကြောင်း သိရသည်။

” တိုက်ပွဲလည်းမရှိဘဲ ရုတ်တရက်ကြီး အဲ့လိုပစ်တော့ မသိနိုင်ဘူးလေ၊ ပြီးတော့ ရွာထဲကိုပဲချိန်ပြီးပစ်တာ၊ ဘယ်နေရာမှမလုံခြုံတော့ဘူး၊ အခုတောင်တစ်ချို့ကကြောက်လို့ပြေးနေကြပြီ၊ ကုန်းပေါရွာဆို ခနခန လက်နက်ကြီးနဲ့ပစ်နေတာ”ဟု ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင်လည်း ကုန်းပေါ်ကျေးရွာကို စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အရပ်သား ၆ ဦးသေဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

PPV 003
ပုံ-KPV
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#ရေလယ်ကျွန်း
#လွယ်ပန်းစုံကျေးရွာ
#ကုန်းပေါကျေးရွာကို
#လက်နက်ကြီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed