ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၄

တောင်ကြီးမြို့ရှိ အမှိုက်ကန်များတွင် စွန့်ပစ်အမှိုက်သိမ်းဆည်းခ တစ်ကြိမ် ၅၀၀ ကျပ်ကို မွှေးတောင်ကြီး ဝန်ဆောင်မှု ကုမ္ပဏီမှ လုံး၀မကောက်ခံတော့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်တွင် ပြည်သူလူထုထံ အသိပေးထုတ်ပြန်ခဲ့သည်။

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုပိုများလာပြီး ရေနုတ်မြောင်းများအတွင်း အမှိုက်ခိုးပစ်မှုများလာခြင်းကြောင့် ပြည်သူများမှ ဝေဖန် အကြံပြုနေကြပြီး တောင်ကြီး မြို့တွင် အမှိုက်ကန်များ ၈ ကန် ကျော် ထားရှိသော်လည်းလုံလောက် မှု မရှိသဖြင့် ဆက်လက်တိုးချဲ့ထားပေးရန် လိုအပ် ကြောင်း ပြည်သူများက ပြောသည်၊

“အမှိုက်ကန်တွေက မလုံလောက်ဘူးပေါ့လေ၊ ဆက်လက် ပြီး နေရာတိုင်း များများလေးထားပေးရင် ပိုအဆင်ပြေတယ်၊ အခု လို ၅၀၀ ကျပ် မကောက်ခံဘူးဆိုတာကိုလည်း ကြိုဆိုပါတယ်၊ ဆက် လက်ပြီးပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင် မှုတွေဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ် ”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်၊။

တောင်ကြီးမြို့ရှိရေနုတ်မြောင်းများအတွင်း အမှိုက် ခိုး ပစ်မှုများလာနေသဖြင့် ထိုအမှိုက်များကို ပြန် လည် ရှင်းလင်းရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်သူ များက ပြောသည်၊

တောင်ကြီးမြို့သည် ရေနုတ်မြောင်းစနစ်ကြောင့် သန့် ရှင်းသောမြို့ဖြစ်နေခြင်းဖြစ်ကာ ထိုရေနုတ် မြောင်းများပိတ်ဆို့လျှင် မိုးရာသီကာလ ရေကြီး ရေလျှံ မှုများဖြစ်ပွားတတ်ကြောင်း၊ရေနုတ်မြောင်း ကို ခွကာ အဆောက်အဦများ ဆောက်လုပ်ထားခြင်းကိုလည်း ပြန်လည်စိစစ်ရန်လိုအပ်မည် ဖြစ်ကြောင်း ပြည်သူများကဆိုသည်။

#ppv006
#သဘာဝပတ်ဝန်းကျင်
#အမှိုက်ကန်များ
#Taunggyi
#social

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed