ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၉၊ ၂၀၂၄

စစ်ကောင်စီ၏ အဆောက်အအုံတွင် (WFP)တံဆိပ်ပါ စားနပ်ရိက္ခာအိတ်တွေ့ရှိမှုသည် ရပ်ရွာလူထုအပေါ် ကယ်ဆယ်ရေး အထောက်အပံ့ အရေးပေါ် လိုအပ်နေသူအတွက် ထိခိုက်နစ်နာစေကြောင်း (WFP)က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်ကောင်၏ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အအုံ တစ်ခုတွင် (WFP)အမှတ်တံဆိပ်ပါ ရိက္ခာအိတ်တွေ့ရှိမှုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် အလွဲသုံးစားပြုလုပ်ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ထုတ်ပြန်ချက်တွင်ဆိုသည်။

(WFP) သည် ယခုကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာမှတဆင့်သိရှိရပြီး လက်ရှိမြေပြင်တွင်သွားလာရန် ခက်ခဲသောကြောင့် ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ပဠိပက္ခတွင်ပါဝင်ပတ်သက်နေသူ အဖွဲ့အစည်းအားလုံးကို အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာမှု ဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရား‌တွေကို လိုက်နာကြရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းနှင့် အထောက်အပံ့ပစ္စည်းများကို ကာကွယ် စောင့်ရှောက်ရမည် ဟု (WFP)မှ ဖော်ပြထားသည်။

ရခိုင်ပြည် မောင်တောမြို့ အခြေစိုက် အမှတ်(၅) နယ်ခြားစောင့် စခန်းကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာ(၈)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး စခန်းထဲတွင် (WFP)တံဆိပ်ပါ ဆန်အိတ် ထောင်နှင့်ချီ တွေ့ရကြောင်း ရခိုင်အခြေစိုက်သတင်းဌာ (Arakan Bay News- ABN)က ဒီဇင်ဘာ(၁၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားလာသည့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပဠိပက္ခအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့် စီးပွားရေးကျဆင်းပြီး နိုင်ငံအနှံ့ဆာလောင်မှုနှင့် အာဟာရချို့တဲ့မှုကို ရင်ဆိုင်နေရသလို အခြေအနေဟာ ပိုမိုဆိုးရွားလာကြောင့် (WFP)က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် (၂၀၂၅)ခုနှစ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီလိုအပ်နေမှု ပြည်သူ သန်း (၂၀)နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော် လိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လည်း ဒီဇင်ဘာ(၁၆) ရက်မှာ ထုတ်ပြန်ခဲ့သည်။

PPV0011
ပုံ-Crd
#လူ့အခွင့်အရေး
#နယ်ခြားစောင့်တပ်များ
#အဆောက်အအုံ
#WFP
#အမှတ်တံဆိပ်
#ရိက်ခာ
#လူသားချင်းစာနာထောက်ထားမှု
#ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed