ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၇၊ ၂၀၂၄
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) စစ်ကောင်စီ တပ်သားများကို အာရက္ခတပ်တော် (AA)က “စောစော အလံဖြူထောင်လျှင် စောစောအသက်ရှင်မယ်။ မိသားစု ဆွေမျိုးတွေနဲ့ စောစောတွေ့ရလိမ့်မယ်”ဟု သတိပေးမှုနှင့်အတူ စစ်ကောင်စီတပ်သားများ အလံဖြူထောင်လာသည့် ဗီဒီယိုမှတ်တမ်းကို ဒီဇင်ဘာ(၁၆)ရက်က ထုတ်ပြန်လာသည်။
ရခိုင်ပြည်နယ် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ စစ်ကောင်စီတပ်သား အများအပြား လက်နက်ချ အလံဖြူထောင်သည်က ပကတိအခြေအနေကို AAမှ ရုပ်သံဗီဒီယိုနှင့် ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီတပ်စခန်းများကို AA ကသိမ်ပိုက်ထားပြီး လက်ရှိတွင် အမ်း နပခဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း (၁၃)မြို့ကို သိမ်းပိုက်ထားသည့် အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားကြောင်း သိရသည်။
PPV0011
ဓာတ်ပုံ-AA
#စစ်ရေး
#ရခိုင်ပြည်နယ်
#အမ်းအခြေစိုက်
#အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)
#အလံဖြူထောင်
#ပကတိအခြေအနေ
#AA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။