ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၅၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင်ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားကြောင်းသိရသည်၊၊

လက်နက်ကိုင်နည်းလမ်းက လိုလားချက်တွေကို တောင်းဆိုလို့ရမည်မဟုတ်ဘဲ နိုင်ငံရေးအကြောင်းပြ လက်နက်ကိုင်တိုက်ခိုက်ခြင်းသည် လွဲမှားသည့် လုပ်ရပ်ဖြစ်ကြောင်း သဝဏ်လွာတွင် ဆိုထားသည်၊၊

နိုင်ငံရေးကို အကြောင်းပြပြီး ခေတ်အဆက်ဆက် တိုက်ခိုက်မှုများလုပ်ခဲ့သလို ၂၀၂၃ ခုနှစ်နှစ် အောက်တိုဘာလတွင် ပိုမိုဆိုးရွားလာပြီး ၄င်းအဖွဲ့များအနေနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်ထောင်စုတည်ဆောက်ဖို့ထက် သီးခြားရပ်တည်ချင်စိတ်ကိုသာ ရှေ့တန်းတင်နေကြောင်းစွတ်စွဲထားပြီး လက်နက်စွန့်ကာ နိုင်ငံရေးစကားဝိုင်းသို့ရောက်အောင်လာဖို့ရန်နှင့် ငြိမ်းချမ်းသည့် ဖြေရှင်းနည်းလမ်းရှာရန် ဆိုထားသည်၊၊

“လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခတွေကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

ညီနောင် (၃)ဖွဲ့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် မြို့နယ်အများအပြားကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရပြီး ရခိုင်ပြည်နယ်တွင်လည်း မောင်တောရှိ နယ်ခြားစောင့်တပ်(နခခ-၅)အပါအဝင် မြို့အများအပြားကို ဆုံးရှုံးနေရသည်၊၊

ညီနောင် (၃)ဖွဲ့ထဲက (၂)ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့က စစ်ကောင်စီနှင့်တွေ့ဆုံရန် ပြောဆိုထားခြင်းရှိပြီး အရက္ခတပ်တော် AA က ရခိုင်ပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွဲနေဆဲဖြစ်ပြီး ယနေ့ ရခိုင်ပြည်နယ်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့်ရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လိုင်က သဝဏ်လွှာပေးပိုးထားကြောင်း သိရသည်၊၊

PPV001

You missed