ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၆၊ ၂၀၂၄
အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ကွတ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ နိုဝင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မူးအဆင့်(၁)ဦး အပါအဝင် တပ်သားနှင့် ရဲ(၃၃)ဦး အလင်းဝင်လာကြောင်း (NUG)မှ ဒီဇင်ဘာ(၁၆)ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ အလင်းဝင်ရောက်လာသူများထဲမှ လက်နက်နှင့်တကွ အလင်းဝင်လာသူများရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လက်နက် တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ် နိုဝင်ဘာလအတွင်း အလင်းဝင်လာသူများ ယူဆောင်လာသော လက်နက်မျိုးစုံ (၂၀)လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ စစ်မှုထမ်းခြင်း ဥပဒေကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများ အနေဖြင့် နီးစပ်ရာ PDF၊ ပကဖ များနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခုံလုံကြရန် (NUG)မှ အသိပေးထုတ်ပြန်ထားသည်။
PPV0011
ပုံ-NUG
#စစ်ရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG
#ကာကွယ်ရေးဝန်ကြီးဌာန
#PDF
#ပကဖများ
#အလင်းဝင်လာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။