ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊ ၂၀၂၄

ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ သည် အလုပ်အကိုင်ရှာပါးနေ၍ ဝင်ငွေနည်းပါးပြီး မိသားစု စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း စစ်ဘေးရှောင် တစ်ဦးမှ သိရသည်။

ရှမ်းပြည််နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်အတွင်းနေထိုင်ကြသည့် စစ်ဘေးရှောင်များ၏ တစ်နေ့လုပ်အားခသည် လက်ရှိကုန်စျေးနှုန်းနှင့် မမျှသည့်အတွက် စားသောက်ရန်အတွက် အခက်အခဲရှိလာ သည်။

“ အလုပ်အကိုင်က ခက်ခဲတာက်ို၊ စားနပ်ရိက္ခာတွေ ကစျေးကြီးနေတာ၊ စျေးကြီးနေတော့ ဝင်ငွေမရှိဘဲ ဘာမှဝယ်စားလို့မရဘူးလေး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

နေစား လုပ်ကိုင်သူများသည် ရသည့်လုပ်အားခဖြင့် ဝယ်စားရသည့် စားသောက်ကုန်စျေးနှုန်းများနှင့် မမျှ သဖြင့် အဆင်မပြေကြောင်းနှင့် ကိုယ့်အိမ်ကိုယ်နေထိုင်ရခြင်းမျိုး မဟုတ်သည့်အတွက် စားသောက််ရာတွင် လုံလောက်မှုမရှိကြောင်း ၎င်း ကဆက်ပြောသည်။

စစ်ဘေးရှောင် ကလေးတချို့သည် ငွေကြေးအဆင်မပြေသည့်အတွက် စာသင်ကျောင်း၌ ကျင်းပ ပြုလုပ်သည့် ပွဲတော်အတွက် ငွေကြေးကောက်ခံရာတွင်လည်းမထည့်ဝင်နိုင်ဘဲ အခက်အခဲရှိကြောင်း သ်ိရသည်။

“ အင်ပေါခုံကျောင်းပေါ့နော် အဲ့ကိုသွားတက်တဲ့ကလေးတစ်ယောက်ဆို အကုန်ပေါ့တစ်ယောက် ကို ၁၅၀၀၀ ပေါ့ စုံညီပွဲအတွက် ဆိုပြီး ပေးရမယ်ဆိုတဲ့ အဲ့လ်ိုအချိန်ဆိုအခက်အခဲရှိတယ်” ဟုစစ်ဘေးရှောင်ကဆက် ပြောသည်။

အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များကို ကူညီသည့်အချိန်တွင် လှူဒါန်းသည့် ပစ္စည်းများကို တိုက်ရိုက် လူကိုယ်တိုင် ကူညီပေးပါရန်နှင့် ယုံကြည်သူတစ်ဦးဦးကို လွှဲပေးခြင်းမလုပ်ရန်လည်းဆိုသည်။

၎င်း ယုံကြည်သူ တစ်ဦးဦးက်ို လွှဲပေးလိုက််ခြင်းကြောင့် စစ်ဘေးရှောင်များအတွက် အပြည့်အဝ ရရှိခြင်းမျိုး နည်းပါးကြောင်း စစ်ရှောင်များကြုံတွေ့ရသည့်အခြေအနေကိုပြောပြ သ်ိရပါသည်။

#ppv013
#စစ်ရှောင်
#ညောင်ရွှေမြို့
#စားဂတ်နေရေးခက်ခဲ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed