ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊ ၂၀၂၄
ကရင်နီပြည်ရှိ စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များ လှူပေးချင်သည့်အလှူရှင်များရှိသော်လည်း စစ်ကောင်စီ၏ စစ်ဆေးတင်းကျပ်မှုများကြောင့် သယ်ယူပို့ဆောင်ရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။
ဆောင်းတွင်း အလွန်အေးလာသောကြောင့် ကရင်နီပြည်ရှိ စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ လိုအပ်နေပြီး အခြားဒေသမှ အလှူရှင်များ ရှိနေသော်လည်း သယ်သူရန်ခက်ခဲနေသည်။
” တကယ်လိုအပ်တဲ့ ကရင်နီဖက်ကိုပေးချင်တယ်ပေါ့လေ၊ ဒါပေမယ့် သယ်သွားပေးမယ့်လူမရှိဘူး၊ အဲ့လိုပစ္စည်းတွေ သယ်သွားရင် စစ်တပ်ဂိတ်တွေက အရမ်းရစ်တယ်၊ အဖမ်းပါခံရနိုင်တယ်၊ တစ်ခါတစ်လေ လူကြုံရှိပေမယ့် မသယ်သွားပေးရဲကြဘူး” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ကရင်နီပြည်ရှိ စစ်ဘေးရှောင်များအတွက် ကူညီပေးနေသည့် ဒေသခံအဖွဲ့အစည်းအချို့ရှိသော်လည်း လုံလောက်မှုမရှိသေးကြောင်းသိရသည်။
စစ်ဘေးရှောင်တစ်ဦးကလည်း” စောင်တွေ၊အနွေး ထည်တွေလိုတယ်တောင်းတော့၊ လှူပေးတဲ့ဒေသခံအဖွဲ့တွေတော့ရှိတယ်၊ ဒါပေမယ့် မလောက်ဘူးပေါ့လေ၊ ဒီမှာကအရမ်းအေးတာ၊ တောင်ကြီးထက်တောင်ပိုအေးတယ်၊တောထဲမှာနေရတော့ပိုဆိုးတယ်” ဟု ဆိုသည်။
ရာသီဥတု အအေးဒဏ်ကြောင့် စစ်ဘေးရှောင်စခန်းရှိ သက်ကြီးရွယ်အို နှင့် ကလေးများ မကြာခဏ နှာစေး၊ချောင်းဆိုး၊ ဖျားနာမှုများ ဖြစ်နေကြောင်းသိရသည်။
photo online
#PPV 003
#လူသားစာနာထောက်ထားမှု
#ကရင်နီ
#စောင်အနွေးထည်လိုအပ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။