ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄
ကျန်းမာရေးစောက်ရှောက်မှုအခက်ခဲရှိသည့် ပင်လောင်း၊ ဖယ်ခုံဘက်ရှိ စစ်ရှောင်ပြည်သူများကို Kham Koung (KK) ဆေးအဖွဲ့က လိုက်လံကုသပေးနေကြောင်း မြေပြင်ဆေးအဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဖယ်ခုံဒေသတွင် စစ်ရှောင်ဦးရေအလွန်များပြားပြီး ကျန်းမာရေးစောက် ရှောက်ပေးသည့်အဖွဲ့မရှိခြင်းကြောင့် Kham Koung (KK) ဆေးအဖွဲ့က တစ်လတစ်ခါ ဆေးကုသမှုပြုလုပ်ပေး နေရကြောင်းဆိုသည်။
‘’ဒီမှာက တခြားအဖွဲ့တွေက မရောက်ဘူးလေ၊ ကျွန်တော်တို့အနေနဲ့ တစ်လတစ်ခါ တတ်နိုင်သမျှကုသပေးတယ်၊ အခု ရာသီတုတ်ကွေးများတယ်၊ ဝမ်းရောဂါတွေ အဲတာတွေအဖြစ်များတယ်၊ လူကြီးရောဂါတွေလည်းများတော့ ဆေးဝါးမလုံလောက်မှုတွေဖြစ်ကြတယ်”ဟု PNDF-KK ၏ ဆေးအဖွဲ့ Kham Koung (KK) က တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပင်လောင်းဖယ်ခုံဒေသရှိ စစ်ရှောင်များသည် တိုင်းရင်း သားပေါင်းစုံရှိပြီး အများဆုံး ပအိုဝ်းနှင့် ကယန်းများဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်သည် ဆေးကုသရန် ဆေးဝါးများ အခက်ခဲရှိနေကြောင်း၊ လမ်းကြောင်းအခြေအနေအရ မှာဝယ်ယူရန် အခက်ခဲရှိနေကြောင်းသိရသည်။
‘’ဆေးဝါးအခက်ခဲက တော်တော်ဆိုးတယ်၊ အခုက MOH ကချပေးတဲ့ဟာတွေနဲ့ပဲ ဒီဘက်မှာဈေးကြီးပေးပြန်ဝယ်ရတယ်၊ ရနိုင်တဲ့အဖွဲ့ထံအကူညီတောင်းဖို့အစီစဉ်ရှိပါတယ်၊”ဟု ၎င်းက ဆက်ပြောသည်။
PNDF-KK၏ ဆေးအဖွဲ့ Kham Koung (KK) သည် လူထုအတွက်သာမက မဟာမိတ်တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့၏ ရှေ့တန်းစစ်မြေပြင်တွင်လည်း လိုက်လံကုသပေးနေကြောင်းသိရသည်။
#ppv002
#ဆေး
#Khamkoungkk
#ကျန်းမာရေး
#ဖယ်ခုံ
#ပင်လောင်း
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။