ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊ ၂၀၂၄

နိုင်ငံတစ်ဝှမ်း စစ်ကောင်စီမှ လေကြောင်ဖြင့်တိုက်ခိုက်ခြင်းကြောင့်လေးလအတွင်း လူ (၂၃၇) ကျော်သေဆုံးခဲ့ပြီး ရှမ်းပြည်နယ်တွင် သေဆုံးသူ ၄၇ ဦးရှိကာ ဒုတိယအများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂၃၇) ဦးထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၄၇ ဦးပါဝင်ပြီး ရခိုင်ပြည်နယ်တွင် ၈၈ ဦးနှင့်သေဆုံးသူအများဆုံးဖြစ်ကာ၊ ရှမ်းပြည်နယ်မှာ ၄၇ ဦးရှိပြီး ဒုတိယအများဆုံးသေဆုံးခဲ့ရကြောင်း သိရသည်။

လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်းတွင် အမျိုးသမီး (၁၁၆) ဦးနှင့် အမျိုးသား (၁၂၁) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄၇) ဦး ပါဝင်ကြောင်းဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅၃) ဦးနှင့် အမျိုးသား (၅၁) ဦး စုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၉) ဦး ပါဝင်သည်။

အဆိုပါ (၁၀၄) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၃၂) ဦးဖြင့် စစ်ကိုင်းတိုင်းမှဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၀) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း AAPP ကဆိုသည်၊၊

အထက်ပါစာရင်းများသည် သြဂုတ်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းများဖြစ်ပြီး သေဆုံးခဲ့သူများရဲ့ အမည်နှင့်တကွ အတည်ပြုထားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP မှဆိုသည်။

PPV 0010
#လူ့အခွင့်အရေး
#နိုင်ငံတစ်ဝှမ်း
#လေကြောင်ဖြင့်တိုက်ခိုက်ခြင်း
#သေဆုံးသူ
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed