ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊ ၂၀၂၄

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသေည့် ပဠိပက္ခများ၊ သဘာဝဘေးအန္တာရယ်နှင့် အခြေခံစားသောက်ကုန် ပြတ်လပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်းတွင် ဆိုးရွားစွာရိုက်ခတ်မှုရှိနေပြီး စီးပွားရေးအလားအလာ မကောင်းကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ(၁၁)ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအခြေအနေသည် မြန်မာ့စီးပွားရေးနှင့် ပြည်သူများကို ထိခိုက်နစ်နာစေပြီး မြန်မာ့ဂျီဒီဘီ(GDP) ၂၀၂၅ မတ်လအတွက် စီးပွားရေးခန့်မှန်းချက်တွင်အနုတ်(၁)ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ကုန်ကြမ်း ပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပြည်တွင်း ဝယ်လိုအား လျှော့နည်း ခြင်းကြောင့် ထုတ်လုပ်မှုမှာလည်း ကန့်သတ်ထားသဖြင့် စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့မှာ တိုးတက်မှု မရှိဘဲ ဆက်လက် ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ မြို့နယ်များ ထက်ဝက်ကျော်သည် ထောက်ပံ့ရေး ကွင်းဆက်များနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် နှောက်ယှက်နေသည့် ပဠိပက္ခများက ဆက်လက်ကြုံတွေ့ရမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းရာဂီမုန်တိုင်းကြောင့် မိုးသည်ထန်စွာရွာသွန်းခဲ့မှုသည် မြို့နယ် (၁၉၂)ခုရှိ လူပေါင်း (၂.၄)သန်း ထိခိုက်ခဲ့ပြီး စိုက်ပျိုးရေး ဧကပေါင်းများစွာ နစ်နာဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက စပါးစိုက်ပျိုးမှုမှာ (၁၀၀)ကျော် ရရှိခဲ့သည့် တောင်သူက ယခုနှစ် စပါးအထွက်နှုန်း (၅၀)ကျော်သာ ရသောကြောင်း တောင်သူလုပ်ကိုင်နေသူများက (၂၀၂၅)ခုနှစ် စားမလောက်မှာကို စိုးရမ်နေကြောင်း သိရသည်။

“ရေကြီးမှုဒဏ်အပြင်၊ ပြီးခဲ့သည့် လပိုင်းက မိုးသီးပါ ထပ်ကျတော့ တော်တော် ဆုံးရှုံးမှု ကြုံရတယ်။ ဒီနှစ်ရတဲ့ စပါးက မိသားစု စားဖို့တောင် လောက်ဌရဲ့လား မသိဘူး။ တချို့ဆို တအိတ်နှစ်အိတ်လောက်ပဲ ရတဲ့ မိသားစုလည်းရှိတယ်။ ဒီနှစ်တော့ တောင်သူတွေ ငိုရတဲ့နှစ်ပဲ” ဟု ရှမ်းတောင် တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အဆိုပါ မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ စားနပ်ရိက္ခာ မလုံလောက်မှု မြင့်တက်လာပြီး စားသောက်ရန် ကုန်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ- အွန်လိုင်း

#နိုင်ငံရေး
#ပဠိပက္ခများ
#သဘာဝဘေးအန္တာရယ်
#အခြေခံစားသောက်ကုန်
#မြန်မာ့စီးပွားရေးလုပ်ငန်း
#စီးပွားရေးအလားအလာ
#ကမ္ဘာ့ဘဏ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed