ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၂၊ ၂၀၂၄

ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ဒီဇင်ဘာ(၁၂)ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိစစ်ကောင်စီတပ် တောင်သုံးလုံးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ (၁၁) ရက် နံနက် (၅)နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တောင်သုံးလုံး တပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA) နှင့် Force For Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (120)mm၊ (81)mm လက်နက်ကြီးများ အပါအဝင် ခဲယမ်းအမြောက်အများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုများပြားပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်(၁) ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

PPV0011
#စစ်ပွဲ
#ကရင်ပြည်နယ်
#ဖာပွန်ခရိုင်
#တောင်သုံးလုံးတပ်စခန်း
#တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့
#ပူးပေါင်းတပ်ဖွဲ့များ
#ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed