ခမ်းသားငေါဝ်း
ဒီဇငါဘာ ၁၁၊ ၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့ ရှိ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ၅) တပ်စခန်း ကို ဒီဇင်ဘာ ၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံးပန်းအများအပြားဖမ်းဆီးရမိခဲ့ကြောင်း AA က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါတပ်စခန်း ကို ပြီးခဲ့ အောက်တိုဘာ ၁၄ ရက်မှာ AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅၅ ရက်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၅၀ ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း သိရထုတ်ပြန်ထားသည်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသော ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မန္တလေးမှ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးတွင် အမျိုးသမီးများကို မုဒိမ်းကျင့်စစ်ကြောခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများတွင် ဦးဆောင်အမိန့်ပေးခဲ့သည့် အပြင် ဘူးသီးတောင် နှင့် မောင်တောမြို့ကိုမီးလောင်တိုက်သွင်းရာတွင် အဓိက လုပ်ဆောင်ခဲ့ပြီး အလွန်ရက်စက်သော သူအဖြစ် နမည်ကြီးနေသူဖြစ်ကြောင်း သိရသည်၊၊

ထို့အပြင်အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသည့် M14 မိုင်းပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ပြီး မိုင်းရှင်းလင်းစဥ် AA တပ်သားအချို့ ထိခိုက်သေဆုံးခဲ့ ကြောင်းဆိုထားသည်။

အဆိုပါ နခခ ၅ စခန်းအတွင်းတွင် စစ်ကောင်စီတပ်အပြင် စစ်ကောင်စီသင်တန်းပေးထားသည့် RSO၊ ARSA၊ ARA စသည့်အကြမ်းဖက်တပ်ဖွဲ့ဝင်များအပြင် အခြားသောတပ်စခန်းမှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ နှင့် မြေပြင်၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။

PPV 003
ပုံ- AA
#စစ်ရေး
#မောင်တော
#ရခိုင်ပြည်နယ်
#နောက်ဆုံးလက်ကျန်စခန်းဖြစ်
#နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ၅) တပ်စခန်း
#စစ်ကောင်စီဗိုလ်မှူးချုပ်သူရိန်ထွန်း
#စစ်သုံးပန်း
#AA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed