ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းသင်တန်းအတွက် ငွေကြေး ကောက်ခံရာတွင် လူမနေသည့် အိမ်ကိုပါ ကောက်ခံနေကြောင်းတောင်ကြီး မြို့ခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့ပေါ်တွင် စစ်မှုထမ်း သင်တန်းအတွက် တစ်အိမ်က်ို ငါးသောင်းကျပ်ကောက်ခံရာ လူမနေသည့်အိမ်ကိုပါမချန် ငွေကြေး ကောက်ခံနေကြောင်းဒီဇင်ဘာ ၁ရက်နေ့က သိရသည်။

“လူလည်းမရှိဘဲ လူလည်းမနေဘဲနဲ့ ဘာလို့ကောက်လဲ မသိပါဘူး စဉ်စားလ်ို့ မရဘူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရေးမ တစ်ယောက်က စစ်မှူးထမ်း အတွက်ဆိုပြီး ၅၀၀၀၀ ကောက် သွားတယ်၊ စကား မများချင်လို့ ပေးလိုက်တယ်” ဟု တောင်ကြီး မြို့ခံတစ်ဦးကပြောသည်။

မြို့ပေါ် အိမ်သည် လူနေထိုင်မှုမရှိသော်လည်း လူမနေသည့်အိမ်နှင့် ဆက်နွယ်သည့် အမျိုးထံကို မရမက လာရောက် ကောက်ခံသွားခြင်းဖြစ် ကြောင်း ၎င်း ကဆက်ပြောသည်။

တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်မှုထမ်းသင်တန်း အတွက် နိုဝင်ဘာလ တတိယအပါတ်၌ အိမ်ပိုင်ရှင် ဖြစ်လျှင် ၅၀၀၀၀ ကျပ်နှင့် အိမ်ဌါး ဖြစ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ကောက်ခံနေကြောင်းသိရသည်။

#ppv013
#Humanright
#စစ်မှုထမ်း
#Taunggyi
#ငွေကောက်

VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed