ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံနှင့် သိန္နီလမ်းပေါ်ရှိ နားတီးဂိတ်တွင် လက်နက်ခဲယမ်း သယ်ဆောင် လာသည့် (MNDAA)၏ကား မီးလောင် ပေါက်ကွဲခဲ့ပြီး (၅) ဦးသေဆုံးကာ (၁) ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း “ဝ” ပြည် အခြေစိုက် သတင်းဌာနက ဒီဇင်ဘာ(၁၀)ရက် ယနေ့တွင် ဖော်ပြထား သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်၊ နေ့လည် (၁၂) နာရီ‌ ကျော်က နားတီးဂတ်တွင် မီးလောင်ပေါက်ကွဲခဲ့ပြီး ဂိတ်အနီးနားမှာရှိ‌သော အရပ်သားပြည်သူ(၂)ဦးအပါ (MNDAA) တပ်သား (၃)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးခမ်းသားငေါဝ်းမှ MNDAA တာဝန်ရှိသူကို ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

ကိုးကန့် တပ်မတော် (MNDAA) သည် (၁၀၂၇) စစ်ဆင်ရေးအတွင်းသိမ်းပိုက်ထားသည့် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွေဟော်၊ လောက်ကိုင် စသည့် မြို့များတွင် ဂိတ်ချစခန်းထိုင်ကာ တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို ပြန်လည်မွမ်းမံ တည်ဆောက်နေကြောင်း သိရသည်။

#PPV0011
#MNDAA
#လက်နက်သယ်ကား
#ရှမ်းမြောက်

VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed