ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်သောလေဖိအားနည်းရပ်ဝန်းကြောင့် ရှမ်းတောင်နှင့် ကရင်နီဒေသအပါအဝင် ဒေသတစ်ချို့မိုးရွာသွန်းနိုင်ကြောင်း ဒီဇင်ဘာလ(၉)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဒီဇင်ဘာလ(၉)ရက်နေ့တွင် အစပျိုးလာသည့်လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ(၁၀)ရက်နေ့မှာအားကောင်းလာနိုင်သောကြောင့် ဆောင်းသီးနှံများအတွက် အဖျက်မိုးအဖြစ်ကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် အနောက်ဘက်သို့ဦးတည်ကာ တမီးလ်နာဒူကမ်းခြေကိုဖြတ်ကျော်ပြီး အားလျော့သွားနိုင်ကြောင်း ဆိုထားသည်။
လေဖိအားနည်းရပ်ဝန်းကြောင့် ဒီဇင်ဘာလ(၁၀) ရက် နေ့မှ (၁၅)ရက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နဘ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းတို့တွင် နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထက်ပိုင်းနှင့်အလယ်ပိုင်းတွင် လေများအနောက်အရပ်မှပြောင်းလဲတိုက်ခိုက်လာနိုင်ပြီး တောင်ပိုင်းဒေသများတွင် အရှေ့တောင်ဘက်မှလေများပြောင်းလဲတိုက်ခိုက်နိုင်သောကြောင့် မြန်မာနိုင်ငံအထက်ပိုင်းတွင် အပူချိန်များဆက်လက်လျော့ကျလာနိုင်ပြီး အအေးပိုလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#PPV007
#Photo: online
#မိုးလေဝသ
#social
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။