ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက် ကြီး ၃ လုံးပစ်ခတ်ခဲ့ခြင်း ကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အဆိုပါနက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသည့် အမျိုးသား (၂)ဦးသည် ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိပြီးအမျိုးသမီးမှာ ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ကား (၂)စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများမှ ပြည်သူလူထုများအေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ခြင်း မရှိစေရန်အလို့ဌာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုကြရန် လိုအပ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။

#PPV 003
#Humanright
#လက်နက်ကြီး
#ဆမ္မဆယ်ရွာ

VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed