The People’s Voice – ခမ်းသားငေါဝ်း
Fact Checking – အချက်အလက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲနောက်ဆက်တွဲ၌ PNO ပြည်သူ့စစ် ဝါဒဖြန့်လော်ဘီ၏ ဝါဒဖြန့်မူသည် “ပတောင်ႏပီဒွေႏစွိုꩻ လဲ့ꩻခိုးနီပအိုဝ်ႏအလံႏ ကလဲဉ်းခိုႏချာတဲ့ ခွန်းလျားနီပအိုဝ်ႏမဉ်ꩻ ပတောင်ႏပီဒွေႏစွိုꩻယို မော့ꩻမုဲင်ꩻကို သတ်ကြောင်းသတ်ကြောင်းစွဉ်ႏမꩻသွူ” ဟုဆိုပြီး ပအိုဝ်းဘာသာဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အမုန်းစကားများ ဖြန့်ချိထားပါသည်။
အဓိပ္ပာယ်သည် ‘’ ပဒေါင် ပီဒီအဲပ် အဖွဲ့က ငါတို့ ပအိုဝ်းအလံကို မီးရှို့တယ်၊ အရင်တုန်းကလည်း ငါတို့ပအိုဝ်းနာမည်ကို နာအောင်ဆဲဆိုခဲ့တယ် ဒီပဒေါင်ပီဒီအဲပ်တွေကို ဘယ်နေရာပဲတွေ့တွေ့ အကုန်သတ် အကုန်သတ်မှရမယ်” ဟု အမုန်းစကား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ထိုအမုန်းစကာားကို Subscribers 305 ဦး ရှိသည့် PA-O Channel မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်း အချက်လက်စစ်ဆေးနေချိန်၌ ကြည့်ရှူ့သူ ၁၁၅ ဦး လိုက်နှင့်ရီလ်အက် ပြုလုပ်သူ ၁၂ ရှိနေပြီး ဖြစ်ပါသည်။
အမုန်းစကားဖြန့်ဝေသည့် တယ်လီဂရမ် လင့် – https://archive.ph/Xt7av
ထို PA-O Channel အကောင့်သည် ခမ်းသားငေါဝ်းအချက်လက်စစ်ဆေးရေးအဖွဲ့မှ လိုက်လံ စိစစ်သည့်အခါ စစ်ကောင်စီ လက်အောက်ခံ PNO ပြည့်သူစစ်၏ လော်ဘီခွန်ဆန်းအောင်မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ဖန်တီးထားကြောင်းကို တွေ့ရှိရပါသည်။
တယ်လီဂရမ်အကောင့် ပိုင်ရှင် – https://archive.ph/HJQXf
ထိုဝါဒဖြန့်ထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်သည့်အခါတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO တို့နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် အာဏာရှင်စနစ် တော်လှန်းရေးစစ်ပွဲကို အကြောင်းပြု၍ PNO လော်ဘီ ခွန်ဆန်းအောင်က ပအိုဝ်းလူမျိုးစုနှင့် ကရင်နီ၊ ကယန်း လူမျိုးစုတို့အကြား အမုန်းစကားပွားကာ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် လုပ်ကြံဖန်တီးရေးသားထားကြောင်းကို စစ်ဆေးတွေ့ရှိ ရပါ သည်။
သတင်းစစ်ဆေးချက်
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း တိုင်းရင်းသားဒေသနှင့် နယ်စပ်ဒေသအတော်တော်များများ သည် စစ်တပ်၏အာဏာသိမ်းမူကို ပြန်လည်ခုခံတော်လှန်နေကြသည့်မှာ ၄ နှစ်နီးပါး ရှိလာနေပြီ ဖြစ်သည်။ ထိုအထဲမှ စစ်တပ်မှ အာဏာသိမ်းယူမှုကြောင့် ပြန်လည်ခုခံတော်လှန်နေကြသည့်အထဲတွင် ကရင်နီလူမျိုးစုမျာလည်း ပါဝင်သည်။ ရှမ်းပြည်နယ် တောင်ပိုင်းနယ်စပ်ဒေသနှင့် ကယားပြည်နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီကိုတော်လှန်မူများပြုလုပ်နေသည့် PNLA တပ်ဖွဲ့၊ KA,KNPP, KNDF၊ PDF စသည့် တော်လှန်ရေးအင်အားစုတပ်တို့ရှိနေပါသည်။ တစ်ဖက်တွင်လည်း PNO ပြည်သူ့စစ်သည် စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်ရှိနေပြီး စစ်ကောင်စီနှင့်အတူ တော်လှန်ရေးအင်အားစုတပ်တို့နှင့် ရှမ်း-ကယားနယ်စပ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက် ရှိနေပါသည်။ တိုက်ပွဲ၏ နောက် ဆက်တွဲ၌ တစ်ဖက်မိမိရန်သူ၏ စစ်ယူနီဖောင်းများ၊ စခန်းနှင့် အလံစသည့် တို့ကို မီးရှို့ဖျက်ဆီးကြသည်မှာ တိုက်ပွဲစဥ်ဆက်ကတည်းက ဖြစ်လေ့ဖြစ်ထရှိကြသည်။
ထိုလူမှုကွန်ယက်အင်တာနက်ပေါ်က ပြန့်နှံနေသည့် စစ်ဦးထုပ်မီးရှို့ထားသည့် ဓာတ်ပုံသည်လည်း စစ်ကောင်စီ လက်အောက်ခံ PNO ၏ စစ်ဦးထုပ်သာဖြစ်ပြီး ပအိုဝ်းအမျိုးသားလုံးကို ကိုယ်စားပြုသည့် အလံမဟုတ်သည်ကို အောက်ပါ ပုံမှာ တွေမြင်နိုင်ပါသည်။
ပအိုဝ်းအလံ ပုံ – https://pndo.org/pa-o-national-flag/
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ အသုံးပြုနေသည့်အလံသည် ပအိုဝ်းအမျိုးသားတစ်ရပ်လုံး၏ အမှတ်တံဆိပ် အလံကိုသာ အလွယ်တကူ အသုံးပြုထားပါသည်။။ PNO ၏ စစ်ဦးထုတ် တံဆိပ်၌လည်း စစ်ကောင်စီ၏ ဗျူဟာနည်းသူ ပအိုဝ်းအလံကိုမှ ဘောင်အဖြူခတ်ကာ သူတို့၏ စစ်ဦးထုပ်တံဆိပ်အဖြစ် အသုံးပြုနေပါသည်။
PNO ပြည်သူ့စစ်သည် ပအိုဝ်းအမျိုးသားအလံကို အသုံးပြုခြင်းသာမက ပအိုဝ်းလူမျိုးတို့၏ သင်္ကေတဖြစ်သည့် ရိုးရာဝတ်စုံကိုလည်း စစ်လေ့ကျင့်ရေးတွင် အသုံးပြုခဲ့ဖူးကြောင်း အောက်ပါ လင့်တွင် တွေ့နိုင်ပါသည်။
အပြည့်အစုံ ဖတ်ရန်သတင်းလင့် – https://www.facebook.com/share/p/1EVo6ZThtF/
ပအိုဝ်းအမျိုးသားတရပ်လုံး၏ အလံကို PNO ပြည်သူ့စစ်တို့က ဆက်လက်အသုံးပြုနေသည်ကို ကန့်ကွက်မည့်သူများ မရှိသော်လည်း ပအိုဝ်းအမျိုးသားအလံကို PNO ပါတီမှတ်ပုံတင်ရာတွင် အသုံပြုရန် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရာတွင် ပအိုဝ်းပြည်သူများ ကန့်ကွက်မူ စာတမ်းများထုတ်ထားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်မှ လည်း ပြန်လည်ပြင်ဆင်ရန် စာထုတ်ထားပါသည်။
ပါတီအလံ ကန့်ကွက်ခြင်း သတင်းလင့် – https://www.facebook.com/share/p/1HXtiCgrhA/
ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက် လင့် -https://www.moi.gov.mm/npe/knkkniungkeaang-amaasicernkennyaakhng-2
“ စစ်ပွဲတွေမှာ အလံတွေ မီးရှို့တာ ခြေနဲ နင်းတာဘာညာတော့ စစ်ပွဲတိုင်းမှာ ရှိတတ်ပါတယ် ဒါမျိုးပြဿနာတွေမှာ သူများ တွေ လုပ်တာရှိသလို ကိုယ်ကိုယ်ပြန်လုပ်ပြီး သူများတွေကို လိုက်စွပ်စွဲတာမျိုးလည်း ရှိပါတယ် ဘာလို့စွပ်စွဲတာ လည်းဆို ကိုယ်ဘက်ပါအောင် စည်းရုံးပြီး တခြားလူမျိုးကို အမုန်းပွားဖို့ ကိုယ်ဘက်က မီးရှို့လိုက်တာမျိုးလဲ ရှိတတ်ပါ တယ် အဲကြောင့် ကျတော်တို့ မြင်နေရတဲ့ အင်တာနက်ပေါ်ကဟာကို တန်းမယုံဖို့လိုပါတယ်” ဟုတက်ကြွတဲ့ ပအိုဝ်းအမျိုးသား လူငယ်တစ်ဦးက ခမ်းသားငေါဝ်း အချက်လက်စစ်ဆေးသည့်အဖွဲ့ကိုပြောသည်။
နောက်ထပ် ပအိုဝ်းအမျိုးသမီး လူငယ်တစ်ဦးကလည်း “ခုခေတ်အခြေအနေမျိုးမှာ တချို့ကယန်းတွေလည်း ပအိုဝ်းလူမျိုးကို PNO နဲ့တွဲမြင်တာတွေရှိတယ် ပအိုဝ်းတိုင်းက PNO မဟုတ်ပါဘူး ဒါဝါဒဖြန့်သူက ကရင်နီတွေက ငါတို့ ပအိုဝ်းအလံကိုမီးရှို့တယ်ဆိုပြီး လူမျိုးရေးပြဿနာဖန်တီးနေတာလို့ပဲ မြင်တယ် ဒါကစစ်ကောင်စီ လုပ်နေကြပဲလေ ပအိုဝ်းအချင်းချင်းလည်း ဟိုးအရင်ကတည်း အဖြူ၊ အနီ ဆိုပြီးကွဲကြတယ် တိုင်းရင်းသားတွေအားလုံး သတိကြီးကြီး ထားဖို့လို့တယ်” ဟု ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့်အဖွဲ့ကို ပြောထားပါသည်။
သုံးသပ်ချက်
အင်တာနက် လူမှုကွန်ယက်ပေါ်မှ ဖြန့်ဝေထားသည့် ဘောင်အဖြူခတ်ထားသည့် ပအိုဝ်းအလံတံဆိပ်ပါ စစ်ဦးထုပ် မီးရှို့ခြင်းခံရသည့်ပုံသည် PNO ပြည့်သူ့စစ်၏ စစ်ဦးထုပ်သာ ဖြစ်ပါသည်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီ၏ ဝါဒဖြန့်ချိထားသည့် ကရင်နီတော်လှန်ရေးသမားများက ပအိုဝ်းအမျိုးသားတရပ်လုံး၏ အလံတော်ကို မီး ရှို့ဆိုသည့် အကြောင်းအရာမှာ သတင်းမှားသာဖြစ်ပြီး ဝါဒဖြန့်ဝေသူက လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးလှုံဆော် ရေးသားထားကြောင်းကို တွေ့ရပါသည်။
PNO ပြည်သူ့စစ်သည်လည်း ပအိုဝ်းအမျိုးသားလုံးကို ကိုယ်စားပြုထားသည့် အဖွဲ့အစည်းမဟုတ်သည့်အတွက် စစ်ရေး အရ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များကြား ပဋိပက္ခသာဖြစ်ပြီး ပအိုဝ်းလူမျိုးနှင့် ကရင်နီပြည်ရှိလူမျိုးအကြား လူမျိုးရေး ပဠိပက္ခ မဟုတ်ကြောင်းကို တွေ့ရှိရပါသည်။
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကိုဝင်ရောက်ဖတ်ရှူ့ရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကို လည်း သတိထားဖို့ ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ ပေးပို့မေးမြန်းနိုင်ပါသည်။