ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၈၊ ၂၀၂၄
မလေးရှားပို့ပေးမည်ဟိုဆိုကာ ငွေသွင်းပြီးမပို့ရသည့်သူများ သွင်းထားသည့်ငွေအား ပြန်ပေးမည်ဟုဆိုသော်လည်း ပြန်ပေးခြင်းမရှိပဲ ဆက်သွယ်လို့မရနေကြောင်း ငွေသွင်းထားပြီး မသွားဖြစ်သူထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင်နေထိုင်သည့် မစန်းစန်းအေးဆိုသည့် အမျိုးသမီးက မလေးရှားပို့ပေမည်ဟုဆိုကာ တစ်ဦးလျှင် သိန်း ၇၀ တောင်းယူပြီး ၅၇ သိန်းသွင်းပြီးနောက် မလေးရှားသို့ပို့ဆောင်ခြင်းမရှိပဲ ပြန်ပေးမည်ဟုဆိုသော်လည်း လက်ရှိအချိန်ထိပြန်လှည်မပေးသေးကြောင်း သိရသည်။
“ဖုန်းခေါ်လည်းမရဘူး သူအိမ်ထိသွားလည်း ရှောင်နေတယ် မတွေ့နေဘူးဘယ်ကိုရှောင်နေလည်းမသိဘူး ပြန်ပေးမယ်ပြောတာ ၂ နှစ်က ၄ လပိုင်းတုန်းကပြည့်ပြီ ခုထိမပေးဘူး” ဟု ဟိုပုံးနယ် ထီကတူးရွာမှ ငွေသွင်းပြီးပြန်မရသည့် အမျိုးသမီး တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မလေးရှားသို့ရောက်ရှိသည့်သူများလည်း ရှေ့တွင်ကြိုမည့်သူမရှိခြင်း အလုပ်အကိုင်မရရှိခြင်းများ ကြုံတွေရသူများလည်းရှိကြောင်း သိရသည်။
“ရှေ့မှာ ဆွေမျိုးရှိိတဲ့သူတေက ဆွေမျိုးတွေကပဲ အလုပ်ရှာပေး အလုပ်မရသေးတဲ့အချိန်မှာလည်း တင်ကြွေးပေးရတာတွေရှိတယ် ရှေ့မှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် တော်တော်ဒုက္ခရောက်ကြရတဲ့ သူတွေလည်းရှိတယ်” ဟု ၎င်းကဆက်ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မစန်းစန်းအေးအား ဆက်သွယ်မေးမြန်းရန် ခမ်းသားငေါဝ်းမှကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အနှံ့ရှိ လူငယ်များ နိုင်ငံခြားသို့ အလုပ်သွားသူများ သိသိသာသာမြှင့်တက်နေပြီး ပတ်စပိုစ့်လုပ်ရာတွင်လည်းကြောင်း ပွဲစားများထံငွေသွင်းပြီး မသွားဖြစ်သူများ လိမ်လည်ခြင်းခံရသူများ အများအပြားရှိကြောင်း သိရသည်။
PPV001
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#ဆိုက်ခေါင်
#ဟိုပုံး
#ထီကတူး
#မစန်းစန်းအေး
#မလေးရှားပို့ပေမည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။