ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၉၊ ၂၀၂၄
တောင်ကြီးမြို့နယ်တွင် မြေယာ အခွန်စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့် လိုက်သဖြင့် မြေပိုင်ရှင်များ နစ်နာမှုရှိကြောင်း သိရသည်။
မြို့မြေဂရမ် လျှောက်ရန်အတွက် ပုံစံ (၁၀၅) ရေးကူးခွင့် လျှောက်ရာတွင်စစ်ကောင်စီ ပြည်နယ်အစိုးရ သတ်မှတ်ချက် အရ အခွန်စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့် သတ်မှတ်လိုက်သဖြင့် အခက်အခဲများစွာ ကြုံတွေ့လာရခြင်းဖြစ်သည်။
မြို့မြေများ အပါအဝင် လယ်ယာမြေများလည်း ကာလပေါက်စျေး သတ်မှတ်ချက်များအတိုင်း အခွန်းစည်းကြပ် ကောက်ခံလာသည်ဟုသိရသည်။
“ အရင်အစိုးရ လက်ထက်တုန်းက ဘာမှ ကုန်ကျ စရိတ် မရှိဘူး။ ပုံစံ ၁၀၅ ရေးကူးခွင့် မြို့နယ်ထွေအုပ်ကို တင်ပြလိုက်တာနဲ့ ချက်ချင်းပဲ သူတို့ မြေကွက် ကိုလာတိုင်းတယ်။တိုင်းပြီးတာနဲ့ ရေးကူးခွင့် ပုံစံ ၁၀၅ ကရတယ်။ အခုကျတော့ ပြည်နယ်အစိုးရကိုတင်ပြရတယ်။ အခွန်နှုန်းကလည်း ၃၀ ရာခိုင်နှုန်း ဆောင်ရသေးတယ်။ မြို့မြေဂရမ်အပါ အဝင် ၊ လယ်ယာမြေတွေကိုလည်း အဲလိုပဲ အခွန်စည်း ကြပ်နေတဲ့အတွက် အခက်အခဲများစွာ ကြုံ တွေ့ရတယ်။ ယခင်နှစ်များစွာဝယ်ထားတဲ့ မြေကွက်ကို ယခုကာလပေါက်စျေးနဲ့တွက်ပြီး အခွန်စည်း ကြပ်မယ် ဆိုတော့ အများကြီး နစ်နာသွားတာပေါ့။ ” ဟု အေးသာယာ မြို့ခံ တစ်ဦးက ပြောပြသည်။
ထိုသို့ အခွန် စည်းကြပ်ခြင်းကို ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက်ပိုင်း သတ်မှတ်လိုက်ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်မှ စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိသည်။
ယခင် အရပ်သား အစိုးရလက်ထက် ၊ ၂၀၁၅ ခုနှစ် မှ စတင်၍ မြို့ပြ မြေဂရမ် ထုတ်ပေးရန် အခွန်စနစ်ကို ပြင်ဆင်ပေးလိုက်ကာ ကြန့်ကြာနေခြင်းကို (၄၅) ရက် အတွင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြေယာ ကိစ္စ များကို ပြည်နယ် အစိုးရ ကိုင်တွယ် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
ထိုသို့ ပုံစံ(၁၀၅) မြေပုံ ကူးဆွဲခွင့်ကို ပြည်နယ်အစိုးရ ထိန်းချုပ်ထားခြင်းမှာလည်း ရှမ်းပြည်နယ် တွင်သာ ရှိပြီး ၊ ကျန်သော ပြည်နယ်နှင့်တိုင်းများတွင် ထိုသို့ မဟုတ်သဖြင့် တန်းတူညီမျှမှု မရှိကြောင်း မြေပိုင်ရှင်လုပ်ငန်းရှင် တစ်ဦးကဆိုသည်။
#PPV-006
#မြေခွန်
#ရှမ်းတောင်
#ဥပဒေ
#Taunggyi
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။