ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊ ၂၀၂၄
(PNO)ပြည်သူ့စစ်မှ စစ်မှုထမ်းရန်အတင်းခေါ်ပြန်ခြင်းကြောင့် ထိုင်းရောက်လူငယ်များ အခက်အခဲဖြစ်နေကြောင်း လူငယ်များထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စုနေ ထိုင်းရောက်လူငယ်အမျိုး သားများသည် (PNO) ပြည်သူ့စစ်မှ စစ်မှုထမ်းရန်အတွက်အတင်း ပြန်လာခိုင်းသည်။
“လူငယ်တစ်ယောက်အနေနဲ့ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ပိုက်ဆံထည့်နိုင်ရင်ထည့် မထည့်နိုင်ဘူးဆိုရင် အိမ်မှာ အသက်ကြီးတဲ့ လူတွေ ၄၅ ကျော်တဲ့လူတွေက စစ်မှုထမ်းကိုယ်စားသွားရတယ်။” ဟု ထိုင်းရောက်ဟိုနမ်းဒေသခံလူငယ်တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း ဟိုနမ်းကျေးရွာအုပ်စုလူငယ်များ ပြန်လာပြီးစစ်မှုထမ်းစေရန်အတွက် PNO ပြည်သူ့စစ်က မိဘများကိုဖိအားပေးပြောဆိုထားကြောင်းသိရသည်။
‘’ပိုက်ဆံမတတ်နိုင်တဲ့ အချို့က အသက်ကြီးတဲ့ မိဘတွေသွားရမှာစိုးလို့ ပြန်လာကြတာရှိသလို အချို့ကျတော့လည်း ထိုင်းကနေပိုက်ဆံထည့်ပြန်တာရှိတယ်။ ကိုယ်ကိုတိုင်က ရှောင်လို့ရပေမယ့် အိမ်မှာမိဘရှိတဲ့သူကအရမ်းအခက်အခဲဖြစ်တယ်” ဟု၄င်းက ဆက်ပြောသည်။
PNO ပြည်သူ့စစ်မှခေါ်ယူသည့် ပြည်သူ့စစ် တပ်သားသစ်သည် ၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး သင်တန်းသား တစ်သုတ်တွင် သင်တန်း ၇ ရက်သာတက်ရကြောင်း၊ လူကိုယ်တိုင်မပြန်နိုင်သည့်သူများကငွေ တစ်သိန်းထည့်ပေးရကြောင်းသိရသည်။
လက်ရှိ မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စု PNLO ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီနှင့် (PNO) ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးပြီးတိုက်ပွဲများဖြစ်ပွားနေကြောင်းသိရသည်။
#ppv010
#Humanright
#PNO
#ဟိုနမ်း
#ထိုင်းရောက်လူငယ်
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။