ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊၂၀၂၄
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်တွင် အမျိုးသမီးသေဆုံးမှုမြင့်တက်နေကြောင်း BWU အချက်အလက် အရသိရသည်။
ရှမ်းပြည်နယ်သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းအမျိုးသမီးအသက်ဆုံးရှုံးသူ ၁၅ ဦးထိရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ထားပါသည်။
အသက်ဆုံးရှုံးရသည့်အကြောင်းရင်းများသည် စစ်ကောင်စီ၏ လေကြောင်းဗုံကြဲ တိုက်ခိုက်မှု၊ နေအိမ်ကို လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်မှု၊ မြေမြှပ် မိုင်းနှင့်မီးရှို့သတ်ဖြတ် ခံရမှုကြောင့် ဖြစ်ကြောင်းဖော်ပြထားသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်အရရှမ်းပြည်နယ်တွင်အမျိုးသမီးသေဆုံးရသူအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်သည် အမျိုးသမီးအသက်ဆုံးရှုံးသူ ၁၃ ဦးဖြင့် ဒုတိယသေဆုံးသူအများဆုံးနှင့် မန္တလေးတိုင်း ၁၁ ဦး နှင့် စစ်ကိုင်းတိုင်း ၁၀ ဖြင့် တတိယ အသက်ဆုံးရှုံးရသူအများဆုံးဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းမှု ၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီသည် စစ်ရေးနှင့် နိုင်ငံရေးအရ ဆုံးရှုံးမှုများ များလာသည့်အ တွက် ပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့် အတွက် အမျိုးသမီးနှင့် ကလေးငယ်များသည် နေ့စဉ်ဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးနေရသည်။
အပြစ်မဲ့သော အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဘဝကို ကာကွယ်ပေးရန်၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများကို အမြန်ဆုံးအကောင် အထည်ဖော်ရန်နှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ပြီး မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန်လည်း BWU က တိုက်တွန်းထားသည်။
#ppv013
#BWU
#Humanright
#women
#ရှမ်းပြည်နယ်
VPNအခက်အခဲကြောင့်သတင်းများကိုVPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။