ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄
စစ်ကောင်စီတပ်ကြောင့် (၃) လအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် (၆၀) ဦးနီးပါး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)အချက် အလက်အရ သိရ သည်။
(၃)လအတွင်း မြန်မာနိုင်ငံတဝန်း သေဆုံးခဲ့သူ (၁၈) နှစ်အောက် ကလေးငယ် မိန်းကလေး (၃၀) ဦးနှင့် ယောင်္ကျားလေး (၂၇) ဦး စုစုပေါင်း (၅၇) ဦး သေဆုံးခဲ့သည်ကို အမည်တကွ အတည်ပြုနိုင်ခဲ့ကြောင်းဒီဇင်ဘာ(၅)ရက်က AAPP ထုတ်ပြန်ထားသည်။
သေဆုံးသွားခဲ့ရသည့် အကြောင်းရင်းသည် (၄၂)ဦး က စစ်ကောင်စီ လေကြောင်းဗုံးကျဲမှုကြောင့် သေဆုံးမှု အများဆုံး ဖြစ်ကြောင်း၊ သေဆုံးခဲ့ရသူ အနက် ရခိုင်ပြည်နယ်တွင် (၁၈)ဦး၊ စစ်ကိုင်းတိုင်းတွင် (၁၀)ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
#PPV0011
#AAPP
#စစ်ကောင်စီ
#Humanright
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။