ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊ ၂၀၂၄
အောင်ပန်း-ကလော လမ်းခွဲတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားပေါ်ပါလာသူ(၃)ဦး ဒဏ်ရာရခဲ့ကြောင်း ဒီဇင်ဘာ(၅)ရက်နေ့က နာရေးကူညီမှုအသင်းအောင်ပန်းထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း-ကလောလမ်းခွဲ ဝေဝေလွင်ကွမ်းယာဆိုင်ရှေ့အနီးလမ်းတွင်ဒီဇင်ဘာ(၄)ရက် ညနေ(၅)နာရီအချိန်မှာ ရပ်ထားသော ကျောက်မီးသွေးတင်ကားကို ကုန်စိမ်းများတင်ဆောင်လာသောကားမှ နောက်ကဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။
“ကားရပ်ထားရင် အချက်ပြမီးဖွင့်ထားသင့်တယ် တချို့က ရပ်ထားမှန်းမသိဘူး။ နီးမှသိတော့ အရှိန်မထိန်းနိုင်တော့ အဲ့လိုဖြစ်တာပေါ့”ဟု ဖြစ်စဉ် သိရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ကုန်ဈေးတင်ဆောင်သော ကားပေါ်ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးမှာ ကားရှေ့ ဦးခေါင်းအခန်းတွင် ညှပ်နေသဖြင့် အောင်ပန်း ကလော မီးသတ်တပ်ဖွဲ့ဝင်နှင့် တာဝန်သိသူများ ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်လူနာတင်ယာဉ်(၂)စီးဖြင့် ကလောဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။
PPV0011
ပုံ-နာရေးကူညီမှုအသက်းအောင်ပန်း
#မှုခင်း
#အောင်ပန်း
#ကလောလမ်းခွဲ
#ဝေဝေလွင်ကွမ်းယာဆိုင်ရှေ့အနီး
#ရပ်ထားသောကျောက်မီးသွေးတင်ကား
#ကုန်စိမ်းများတင်ဆောင်လာသောကား
#နောက်ကဝင်တိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။