ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၄

လာမည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီဇင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီ အချိန်တွင် ခန့်မှန်းထားသည်။

၂၀၂၄ ဒီဇင်ဘာလ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့ များတွင် လင်းခေးခရိုင်၊ မိုင်းပန် ၊ ပင်လောင်းပအိုဝ်းဒေသတောင်ကြီးခရိုင် လွိုင်လင်ခရိုင် ဒေသ တို့တွင် မိုးအသင့်အတင့်ရွာနိုင်ပါကြောင်း မိုးလေဝသ စုစုစံ က ရက်ဝေး ခန့်မှန်းချက် ကို ဒီဇင်ဘာလ ၅ ရက် တွင် ကြိုတင် ခန့်မှန်းထားသည်။

တောင်တရုတ်ပင်လယ်တောင်ပိုင်း၊ ထိုင်းပင်လယ် ကွေ့၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ မာလက္ကာရေလက် ကြား၊ စုမတြာကျွန်းတွေကို ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်တောင်ပိုင်းကိုဝင်ရောက်လာတဲ့ လေပွေလှိုင်း(UPPER AIR CYCLONIC CIRCULATION -UACC)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင် ကြောင်း ဖော်ပြထားသည်။

အိန္ဒိယမိုးလေဝသဌာနမှ ဒီဇင်ဘာ-၆ ရက်နေ့စွဲ နှင့် ထုတ်ပြန်ချက်တွင် ၃.၁ ကီလိုမီတာ အမြင့် အထက်လေထုလွှာအတွင်း လေပွေလှိုင်းတခုဖြစ်ပေါ်နေကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့ဝန်းကျင်မှာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း(Low Pressure Area-LPA)တခုဖြစ်လာနိုင်ကြောင်း၊ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးတော့ သီရိလင်္ကာကျွန်းမြောက်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေ့လျားရောက်နိုင်ကြောင်း ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

လေဖိအားနည်းရပ်ဝန်းဖြစ်လာသော အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း-ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည် နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ တိမ်အသင့်တင့်မှ တိမ်ထူထပ်စွာဖြစ်ပေါ်လာနိုင်ပြီး၊ မိုးအသင့်အတင့်နေရာကွက်ပြီးရွာသွန်းနိုင်မဲ့ အခြေ အနေများ “ဒီဇင်ဘာလ ၁၉-၂၀ ရက်နေ့များအတွင်း”ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထား ကြောင်း ဦးဝင်းနိုင် က ဖော်ပြထားသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီ ထုတ်ပြန်ချက် တွင် နောက် ၂ ရက် အတွက် ခန့် မှန်းချက် မှာ ရှမ်းပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ကြောင်း ၊ မနက်ဖြန်နံနက်အထိခန့်မှန်းချက် မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော် ချိန် (၁၄) နာရီ၊ (၀၉) မိနစ်၊ (၂၀) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါ ပါကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒီဇင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၃ နာရီ အချိန်တွင် ထုတ်ပြန်ခဲ့သည်။

#PPV-006
#မိုးလေဝသ
#ရာသီဥတု
#မိုးရွာနိုင်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။