ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄

တရုတ်မြန်မာ နယ်စပ် မူဆယ်ဆင်ဖြူဂိတ်မှ တရုတ်ပြည်ထဲ ကုန်ပစ္စည်းသယ်ယူခွင့်ကို မြန်မာဘက်မှ သတ်မှတ်ဆိုင်ကယ်၊ကားဖြင့်သာ သယ်ခွင့်ပေးမှု၊ ကုန်ပစ္စည်းသယ်ယူသူများအတွက် အခက်အခဲရှိ​နေဆဲဖြစ် ကြောင်း ဒီဇင်ဘာ(၆)ရက်က စုံစမ်းသိရသည်။

မြန်မာဘက် မူဆယ်မှ တရုတ်ပြည်ထဲ ကုန်ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီမှ သတ်မှတ်ယာဉ်အ‌ရေအတွက်သာ ဂိတ်ဖြတ်သန်းခွင့် ပေးမှုကြောင့် ကုန်ပစ္စည်းသယ်ယူသူများ နေ့နေ့ညည အလုအယက်တန်းစီနေကြရသည်။

“တန်းစီတဲ့သူများက မသိရင် ပွဲကြီးကျနေတာပဲ။ ခြေတလှမ်းစာ ရွှေ့နေဖို့က (၁၅)မိနစ် မိနစ်(၂၀)ထိကြာတယ်။ တချို့ဆို ထမင်းပါအငတ်ခံပြီး စောင့်နေကြရတာ။ သူသူငါငါထွက်ချင်ကြတာလေ။ (၇)ရက်လောက် တန်းစီစောင့်ရတာလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

သတ်မှတ်ယာဉ် အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးထားသော်လည်း ထွက်ရသည့်ယာဥ်များ အနေဖြင့် ဆင်ဖြူဂိတ်ရောက်လျှင် စစ်ကောင်စီမှ သတ်မှတ်ထားသည့်အတိုင်း မဟုတ်ပါက သယ်ထားသည့် ပစ္စည်းကို ပြန်ဖြုတ်ချခံရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ မူဆယ် ဆင်ဖြူဂိတ်မှ တရုတ်ပြည်အတွင်း ကုန်ပစ္စည်း သယ်ယူခွင့် တစ်ရက်ကို မြန်မာလိုင်စင်ရ ဆိုင်ကယ် (၂၀၀)စီးနှင့် ကား အစီးရေ (၅၀)ကို ဖြတ်သန်းခွင့် ပေးထားကြောင်း သိရသည်။

photo local

#PPV0011
#နယ်စပ်ဂိတ်
#social
#မူဆယ်ဆင်ဖြူဂိတ်
#တရုတ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed