ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄

မိုးဗြဲမြို့တွင် စစ်ကောင်စီက လူနေအိမ်ပေါ် ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်း – ကရင်နီ (ကယား) နယ်စပ်၊ မိုးဗြဲမြို့၊ပေါ်ဦးရပ်ကွက်ရှိ လူနေအိမ်ပေါ်သို့ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေခင်းအချိန်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက သူတို့အိမ်ပေါ်တည့်တည့် ဒရုန်းနဲ့ ဗုံးကြဲတာ၊ ယောက်ျားက သေသွားတယ်၊ ကလေး ၂ ယောက်နဲ့ အမေ ကတော့ဒဏ်ရာရသွားတယ်လို့ပြောတယ်၊ မိသားစုတစ်ခုထဲကပဲပေါ့” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မိုးဗြဲ မြို့ နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲအခြေအနေကြောင့် ပြည်သူတော်တော်များများစစ်ဘေးရှောင်နေကြပြီဖြစ်သော်လည်း စစ်မရှောင်ပဲ ကျန်နေခဲ့သည့်သူများအချို့ရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ဆိုင်ခွန်ကျေးရွာအနီးတွင် စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးအလုံး ၄၀ ခန့်ကြဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးသွားခဲ့သည်။

photo credit karenni people voice

#PPV 003
#Humanright
#မိုးဗွဲ
#ဒရုန်းဗုံး
#ပြည်သူသေဆုံး

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။