ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၅၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် ပုံစံ(၁၀၅) ရေးကူးခွင့် ကို ပြည်နယ်အစိုးရ ထိန်းချုပ် လိုက်သဖြင့်ပြည်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း မြေယာပိုင်ဆိုင်သူများက ဆိုသည်။
ယခင် အရပ်သား အစိုးရလက်ထက် ၊ ၂၀၁၅ ခုနှစ် မှ စတင်၍ မြို့ပြ မြေဂရမ် ထုတ်ပေးရန် အခွန်စနစ်ကို ပြင်ဆင်ပေးလိုက်ပြီး ကြန့်ကြာနေခြင်းကို (၄၅) ရက် အတွင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြေယာ ကိစ္စများကို ပြည်နယ်အစိုးရကိုင်တွယ် ဆောင်ရွက်လိုက်ကြောင်း သိရသည်။
ထိုသို့ ပုံစံ(၁၀၅) မြေပုံရေးကူးဆွဲခွင့်ကို ပြည်နယ်အစိုးရ ထိန်းချုပ်ထားခြင်းမှာလည်း ရှမ်းပြည်နယ် တွင်သာ ရှိပြီး ၊ ကျန်သော ပြည်နယ်နှင့် တိုင်းများတွင် ထိုသို့ မဟုတ်သဖြင့် တန်းတူညီမျှမှု မရှိကြောင်း မြေပိုင်ရှင် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“ ပုံစံ (၁၀၅) သွားလုပ်ရင် ပြည်နယ်အစိုးရ ကို တင်ထားရတော့ ပိုက်ဆံလဲ ကုန်သလို ၊ အချိန်လဲ အရမ်း ကြာတယ်။ ဘယ်တော့ရမယ်မှန်းလဲ မသိဘူး။ နောက်ပြီး အိမ်ဆောက်သမားတွေ ပုံစံ (၁၀၅) မရှိတဲ့ အတွက် အိမ်မဆောက်ရလို့ အိမ်ရှင်လည်းနစ်နာ သလို နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ လည်းအရမ်း နစ်နာမှု ရှိတယ်။ အရင်ကဆိုရင် အထောက်အထား အချက်အလက် စုံရင် မြို့နယ်မှာ ၁၀၅ သွားလျှောက် လို့ရတယ်။ အခုက အရမ်း ခက်ခဲ လာတော့ အဆင်မပြေကြတော့ဘူး။”ဟု တောင်ကြီးမြို့နယ်ရှိ မြေပိုင်ရှင် တစ်ဦးက ဆိုသည်။
2021 ခုနှစ် နောက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ မြို့ပြမြေပုံကူးဆွဲခွင့် (၁၀၅) အပါအဝင် မြေယာကိစ္စ များကို ပြည်နယ်အစိုးရမှ ကိုင်တွယ် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်းစုံစမ်း သိရသည်။
ရှမ်းပြည်နယ်အစိုးရ တင်ပြထားသော မြို့ပြ မြေပုံ ကူးဆွဲခွင့် (၁၀၅) ကို တင်ပြရာတွင် အချိန်ကာလ တစ်နှစ်နီးပါး ကြာမြင့်နိုင်ပြီး အခွန်စည်းကြပ်ငွေလည်း တိုးမြှင့်ထားကြောင်း ကြားသိရသည်။
တောင်ကြီးမြို့နယ် အတွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့ တို့တွင် မြေယာ ပြဿနာ များကို သက်ဆိုင်ရာ ဌာနများမှ အသိပေးစာ ပေးပို့ခြင်း ၊ တရားစွဲဆိုခြင်းများ ပြုလုပ်ထားရှိကြောင်း ဌာနဆိုင်ရာ နီးစပ်သူထံမှသိရသည်။
#PPV-006
#KhamSarNgor
#မြေယာ
#ဥပဒေ
#Taunggyi
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။