ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄
မိုင်းနောင်မြို့နယ်ခွဲ ဝမ်စိမ်းအုပ်စုနှင့် မိုင်းယန်းအုပ်စုရှိတောင်ယာသွားလမ်းတွင် မိုင်းကို သက် ဆိုင်ရာ အကြောင်းကြားသော်လည်း ယနေ့ထိ ရှင်းလင်းမှု မလုပ်သေးဘဲ ကျွဲနွားများအန္တာရယ် ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း ဒီဇင်ဘာ(၆) ရက်နေ့ ယနေ့တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၂)ရက်နေ့က တောင်ယာသွားလမ်းဘေးတွင် မိုင်းတွေ့ရှိမှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့ပြီး (SSPP/SSA) တပ်သားများ လာရောက်ကြည့်ရှုကာ အနားမကပ်ကြဖို့သာ ပြောသွားပြီး ရှင်းလင်းမှု မလုပ်ပေးခဲ့ကြောင်း သိရသည်။
“ဘယ်ချိန် ပြန်လာရှင်းမယ်ဆိုတာလည်း မသိဘူး။ အနားမကပ်ကြဖို့ပဲ ပြောသွားတယ်။ ကျွဲနွားများရှိတော့ သူတို့အန္တာရာယ် ဖြစ်မှာကို စိုးရိမ်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုမိုင်းကိုမရှင်းလင်းသေးသရွေ့ဒေသခံများအန္တာရယ်ရှိနေပြီး ဒေသခံ အနေဖြင့်သက်ဆိုင်ရာကအမြန်ရှင်းပေးစေလိုကြောင်းပြောသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတို့မှာ SSPP/SSAမှ မူးယစ်ဆေး သုံးစွဲသူများကို ဖမ်းဆီးမှုရှိနေသောကြောင့် ညဘက်(၉)နာရီနောက်ပိုင်း သွားလာမှု မလုပ်ကြရန်၊ တောင်သူများ တောင်ယာသွားလျှင် ညအိပ်မသွား ကြရန် ပြောထားကြောင်း သိရသည်။
#PPV0011
#မိုင်း
#ဝမ်စိမ်း
#မိုင်းနောင်
#မိုင်းယန်း
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။