ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်တွင် ဝက်သားစျေးတစ်ပိဿာ သုံးသောင်းကျပ်ဖြင့် စျေးပြန်ကြနေကြောင်းယနေ့ ဒီဇင်ဘာ ၆ ရက်နေ့က တောင်ကြီးဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလနောက်ဆုံးပတ်က ဝက်သားတစ်ပိဿာ ၄၀၀၀၀ ကျပ် အထိစျေးနှုန်းမြင့်တက်ခဲ့ပြီး ယခု စျေးပြန်ကြပြီးဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့ရပ်ကွက် မှာ ဝက်သား တစ်ပိဿာ သုံးသောင်းကျပ် ဆိုပြီး Vinyl နဲ့ကပ်ပြီးရောင်းနေပါပြီး ၊ညောင်ဖြူစခန်း ရှမ်းကျောင်းနားမှာ ၊ နှစ်ရက်သုံးရက်ရှိနေပါပြီး”ဟု မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ဝက်သားစျေးတက်ရခြင်းသည် ပြီးခဲ့သည့်လက ဝက်များအတွက် ကုန်ကြမ်းများရှားပါးခြင်းနှင့် ရေကြီးမှုကြောင့် ဝက်များရေထဲပါသွားခြင်းတို့ ကြောင့်​ဖြစ်ကြောင်း ဝက်သားရောင်းဝယ်သူကပြောသည်။

စစ်စံထွန်းစျေး၊ အမှတ်(၅)စျေးနှင့် ရက်ကွက်ဆိုင်တွင် ဝက်သားစျေး တပိဿာကို သုံးသောင်းကျပ်ပြန်ကျသွားပြီဟုသိရသည်။

တောင်ကြီးမှုပေါ်ရှိ ညောင်ဖြူစခန်းရပ်ကွက်များနှင့် စျေးများ၌ ဝက်သားစျေး တစ်ပိဿာသုံးသောင်း ကျပ်စျေးကျပြီဖြစ်သော်လည်း ဘုရားဖြူ ရပ်ကွက်ရှိ ဝက်သားဆိုင်အချို့၌ တစ်ပိဿာ (၃၃၀၀၀) မှ (၃၆၀၀၀) ကျပ်အထိ စျေးနှုန်းအမျိုးမျိုးဖြင့်ရောင်းချ လျက်ရှိကြောင်းသိရသည်။

တောင်ကြီးမြို့ တွင် ဝက်သားစျေးပြန်ကျသော် လည်း အခြားကုန်စျေးနှုန်းများ မကျသေးသည့်အတွက် စားသုံးသူပြည်သူအခက်ခဲရှိနေသေးကြောင်းသိရသည်။

#ppv013
#social
#ဝက်သားစျေး
#Taunggyi

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

You missed