ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊ ၂၀၂၄

တရုတ်ဘက်မှကုန်သွယ်​ရေးလမ်းကြောင်း ပိတ်လိုက်သဖြင့် ဆန်စက်လုပ်ငန်းရှင်များ ပြည်ပဆန်တင်ပို့ခြင်း ရပ်ဆိုင်းနေရကြောင်း တောင်ကြီးမြို့နယ် အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းထွက် တရုတ်မွှေးဆန်များ သည် အဓိကအားဖြင့် တရုတ်နိုင်ငံတင်ပို့ခြင်း ဖြစ်ပြီး၊ တရုတ်ဘက် နယ်စပ် ထွက်ပေါက်လမ်းကြောင်း ပိတ်လိုက်သဖြင့် ဆန်တင်ပို့ခြင်း လုပ်ငန်း ရပ်ဆိုင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်ကို အဓိက တင်ပို့ရတာများတယ်။ တရုတ်လမ်းပိတ်တော့ အရောင်းရပ်ထားတာပေါ့။ နောက်ထပ် မဝယ်ရဲသေးဘူး၊ ခန လောက်စောင့်ကြည့်နေသေးတယ်။ ဆန်ဈေးက အနည်းငယ် ထပ် ပြီး တက်မလားတော့ မသိသေးပါဘူး။” ဟု ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထို့အ​ပြင် တရုတ်ဘက်မှ လမ်းပိတ်လိုက်သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆန်စက် လုပ်ငန်းရှင်များ အားလုံး အခက်အခဲ ကြုံတွေ့ကြရပြီး ၊ ဆန်စပါးအဝယ်ကိုလည်း ခေတ္တရပ်နားထားရကြောင်း သိရသည်။

ဆန်စက်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ ဆန်စပါးသည် အစိုးရ၏ ငယ်နိုင်ဖြစ်သဖြင့် ယခုနှစ် စပါး မလှောင်သင့်သေးကြောင်း ၊ အချိန်မရွေး ဈေးနှုန်းကို လုပ်ချင်သလို လုပ်နိုင်သဖြင့် သေချာ ရေရာမှု မရှိကြောင်း ၊ မျှော်လင့်ချက် နည်းသဖြင့် စပါးလှောင်ခြင်းကို အားမပေးကြောင်း အကြံပြုထားသည်။

ပြည်တွင်းစား ဆန်များ၊ (ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်း) တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင့်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက် ကို ဒီဇင်ဘာလ ၄ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ထုတ်ပြန်ထားသည်။

#PPV-006
#ဆန်စပါး
#ကုန်သွယ်ရေး
#ရှမ်းတောင်
#တရုတ်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။