ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၅၊ ၂၀၂၄

ကရင်နီလူမှုသိပ္ပံကောလိပ်မှ ကျောင်းသား၊ကျောင်းသူ ၂၃ ဦးအား ပထမဆုံးကြိမ် လူမှုသိပ္ပံဒီပလိုမာဘွဲ့ ကို အခက်အခဲများကြားထဲမှ အောင်မြင်စွာ ဘွဲ့သဘင်ပေးအပ်နိုင်ခဲ့ကြောင်း ပွဲနှင့်နီးစပ်သူထံမှ သိရသည်။

ကရင်နီပြည်နယ်ရှိ လွတ်မြောက်နယ်မြေ၌ ကရင်နီလူမှုသိပ္ပံကောလိပ်မှ ကျောင်းသား၊ကျောင်းသူ ၂၃ ဦးအား ဒီဇင်ဘာ ၂ ရက်နေ့ တွင် ပထမဆုံးကြိမ် လူမှုသိပ္ပံဒီပလိုမာဘွဲ့ ကို အခက်အခဲများကြားမှ အောင်မြင်စွာ ဘွဲ့လက်မှတ်ပေးအပ်နိုင်ခဲ့သည်၊၊

“သူကနှစ်ခုရှိတယ် ဒီပလိုမာနဲ့အသက်မွေး ဆိုပြီး သက်မွေးက ငါးလ၊ ဒီပလိုမာ က တစ်နှစ် social studies ပေါ့၊ ကျောင်းပြီးသွားတဲ့ကလေးတွေတော့ အဓိက သူတို့စိတ်ဝင်စားတဲ့ နယ်ပယ်မှာ ပြန်လုပ်လို့ရတာပေါ့”ဟု ပွဲ နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ကရင်နီလူမှု သိပ္ပံကောလိပ်မှ လူမှုသိပ္ပံဒီပလိုမာဘွဲ့ အခမ်းအနားကျင်ပရာတွင်အဓိက အခက်အခဲကြားမှာ လုံခြုံရေးကို စိုးရိမ်ခဲ့ရသော်လည်း အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။

ကရင်နီ လူမှု သိပ္ပံကောလိပ်သည် နွေဦး တက္ကသိုလ် (Spring University Myanmar) နှင့် မိတ်ဖက်ချိတ်ဆက်ဖွင့်လှစ် သင်ကြားနေကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#ပညာရေး
#ကရင်နီလူမှုသိပ္ပံကောလိပ်
#လူမှုသိပ္ပံဒီပလိုမာဘွဲ့
#အခက်အခဲများကြား
#ဘွဲ့သဘင်ပေးအပ်ခဲ့
#ကရင်နီပြည်နယ်ရှိလွတ်မြောက်နယ်မြေ
#ဘွဲ့လက်မှတ်ပေးအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed