ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၄၊ ၂၀၂၄

စစ်ဘေးဒုက္ခခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု ၏ အကျိုးကို ငဲ့ညာထောက်ထားရန်နှင့် တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် ၊ စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်မည်ဟု MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ်ကိုထူထောင်မှာမဟုတ်ကြောင်း၊ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ပြီး နိုင်ငံတော်အချုပ်ခြာအာဏာနှင့်နယ်မြေတည်တံ့ရေးကို ထိန်းသိမ်းကာကွယ်သွားမည်ဟုဆိုသည်။

ထုတ်ပြန်ချက်ထုတ်ပြန်သည့်နေ့မှစပြီး မိမိတို့တပ်များသည် ချက်ချင်းအပစ်ခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ဘဲ တရုတ်၏ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စတွေကို တွေ့ဆုံဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျော်လင့်ကြောင်း MNDAA ကဆိုသည်။

သို့သော် စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့်မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းပေးရမည်ဟု MNDAA ကထုတ်ပြန်ချက်တွင်ဆိုထားသည်။

MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#နိုင်ငံရေး
#တရုတ်-
#မြန်မာနယ်စပ်
#တည်ငြိမ်အေးချမ်းရေး
#ကာကွယ်ထိန်းသိမ်းရန်
#စစ်ရေးပဋိပက္ခများ
#နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်
#တရုတ်နိုင်ငံ
#ကြားဝင်စေ့စပ်ဆောင်ရွက်မှု
#MNDAA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed