ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊ ၂၀၂၄
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အာဏာသိမ်းပြီးအချိန်မှစပြီး နိုဝင်ဘာလ ၃၀ ရက်အထိ အရပ်သားပြည်သူ ၅၃၂ ဦးသေဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းကာလအတွင်း ကရင်နီပြည်တွင် တိုက်ပွဲအကြိမ်ရေ ၁၂၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံခဲ့ရသော အကြိမ်အရေအတွက်မှာ ၁၇၄၆ ကြိမ်ရှိ၍ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေး အဆောက်အအုံ ၅၄ ခု၊ ဆေးရုံ ဆေးခန်း ၁၆ ခု ၊ စာသင်ကျောင်း ၂၆ ကျောင်း နှင့် ပြည်သူနေအိမ် ၂၇၈၄ လုံးပျက်စီးသွားကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၅၈၀ ဦးသေဆုံးသွားခဲ့ပြီး တော်လှန်ရေးတပ်သားများ ၆၇၂ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီယာဥ်တန်း ၆၈ စီးနှင့် တိုက်လေယာဥ်၊ ရဟတ်ယာဥ် ၃ စီးပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် စစ်ရှောင်ရင်း သေဆုံးသူ ၁၇၀ ဦးရှိပြီး မတရားဖမ်းဆီးခံရသူ ၁၆၀ ဦးရှိကြောင်း PKPF ကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်
#လူ့အခွင့်အရေးချိုးဖောက်မှုများ
#အာဏာသိမ်းပြီးအချိန်
#တိုးတက်သောကရင်နီပြည်သူ့အင်အားစု
#PKPF
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။