ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၃၊ ၂၀၂၄

ဖယ်ခုံအနောက်ခြမ်း ၊ ဆိုင်ခွန်ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံး အလုံး ၄၀ ခန့်ဖြင့်ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ဆိုင်ခွန်ကျေးရွာ အနီးတွင် ယနေ့မနက် ၃ နာရီဝန်းကျင်အချိန်၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံး ၄၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသဆေုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းသိရသည်။

” ဒီမနက် ၃ နာရီလောက်အချိန်မှာ စကြဲတာ၊ ကင်းထောက်လေယာဥ်နဲ့ ဗုံးကိုအတွဲလိုက်ကြဲတာ၊ ပြီးတော့ တိုက်လေယာဥ် နဲ့လည်း ၂ ခါကျဲတယ်၊ စုစုပေါင်း အလုံး ၄၀ ကျော်လောက်ရှိမယ်၊ ၁ ယောက်သေသွားတယ်လို့ပြောတာကြားတယ်၊ ထိခိုက်ဒဏ်ရာရတာတော့ အတိအကျမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါအတွဲလိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်တကြားဖြစ်နေကြောင်းသိရသည်။

” အဲ့လိုတစ်ခါမှမကြုံဖူးဘူး၊ ကင်းထောက်လေယာဥ်သံကလည်း အကျယ်ကြီး၊ ပြီးတော့ဗုံးတွေ အတွဲလိုက်ကြဲချတော့ အရမ်းလန့်နေတာ၊ မနက်ကဆို ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူး၊ ကို့ဘက်ကိုလာမှာအရမ်းကြောက်တယ်၊ အခုထိ လူကတုန် နေတုန်းပဲဟု” ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီသည် ကရင်နီပြည် နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတို့တွင် ပြည်သူများအာ ရည်ရွယ်ချက်ရှိရှိဦးတည်ပြီး လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခနပြုလုပ်နေလျက်ရှိသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံအနောက်ခြမ်း
#ဆိုင်ခွန်ကျေးရွာအနီး
#စစ်ကောင်စီတပ်
#လေကြောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed