ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊ ၂၀၂၄

ဆီဆိုင်မြို့ကိုတက်လာသည့် ထီးစဲခါးရေတံကခွန် ကျောင်းဆရာတော်ကားသည် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်၍ ဆရာတော်တပါးပျံလွန်တော်မူပြီး အခြားဆရာတော် ၂ ပါးဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်ရွာတွင်နိုဝင်ဘာ ၃၀ မနက် ၈ နာရီဝန်းကျင်ကထီးစဲခါးရေတံခွန်ကျောင်းက ကျောင်းထိုင်ဆရာ တော်အပါအဝင် သံဃာတော် ၃ ပါးကား ဆီဆိုင်ဘက်ကိုလာနေစဥ်အောင်ကလပ်ကျေးရွာ၌ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။

“အဲနေရာတွေက စစ်ကောင်စီ စိုးမိုးထားတဲ့နေရာ ဖြစ်ပါတယ်။စစ်ကောင်စီတပ်စွဲထားတာ စစ်ကောင်စီပစ်ပြီးမှ KNDF ကပဲ ပစ်ခတ်သလိုလို၊ PDF ကပဲ လုပ်သလိုလို ဝါဒဖြန့်ထားတယ်”ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံ ကခမ်းသားငေါဝ်းကိုပြောသည်။

အပစ်ခံရပြီးဒဏ်ရာရဆရာတော် ၂ ပါး ကိုလွိုင်ကော်ဆေးရုံသို့ဆေးကုသခံယူပြီး KNDF၊ PDF များပစ်ခတ်၍ ဆရာတော်ပျံလွန်တော်ခြင်းဟု စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ထားသည်။

“အဲဒီနေရာက စစ်ကောင်စီ တပ်ပဲရှိတာ၊ ဆီဆိုင် လွိုင်ကော် လမ်းမပေါ်ရှိတာလည်းဖြစ်တယ်၊ စစ်ကောင်စီ တပ်ပဲစိုးမိုးထားတာဖြစ်တယ်”ဟု ခွန်ရိန်းယံကဆက်ပြောသည်။

KNDF တပ်ဘက်က သံဃာတော်ကား ပစ်ခတ်ခံရခြင်းနှင့်ပတ်သက်ပြီးတစ်စုံတရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပါ။

ယခင်က စစ်ကောင်စီလက်နက်ကြီးပစ်၍ ထီစဲးခါးကျောင်းကိုထိဖူးပြီးကျောင်းကိုမပစ်ရန် စစ်ကောင်စီ တပ်ကို ဆရာတော်ကသွားပြီးမေတ္တာရပ်ခံဖူးသည့်အတွက် ဒါကိုမကျေနပ်၍အငြိုးဖြင့်လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း ခွန်ရိန်းယံကဆက်ပြောသည်။

#ppv002
#Humanright
#ထီးစဲခါးဆရာတော်
#အပစ်ခံရ
#ဆီဆိုက်လွိုင်ကော်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed