ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၃၊ ၂၀၂၄

တောင်ကြီးမြို့ပေါ်ရှိ လူငယ်အချို့ ညအချိန် သူငယ်ချင်းများနှင့်အပြင်ထွက်ခြင်း၊ အလုပ်ပြန်ချိန်တို့တွင် ပေါ်တာဆွဲခံရမှုများလာပြီး ပေါ်တာဆွဲခံရသည့်လူငယ်များ အဆက်သွယ်မရကြောင်းတောင်ကြီးမြို့ခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆယ်ကျော်သက်လူငယ်များ လူလတ်ပိုင်းများ ညဘက် အလုပ်ပြန်ချိန်နှင့် သူငယ်ချင်းများဖြင့် အပြင်ထွက်ချိန် ည ၉ နာရီ ဝန်းကျင်ခန့်တွင် ပေါ်တာဆွဲခံရမှုများလာနေသည်၊၊

“ကောင်လေးတစ်ယာက် အသက်က ၁၉ လောက်ဘဲရှိအုံးမှာ အဲ့ည လကုန် ၃၀ ရက်နေ့က သူ့သူငယ်ချင်း သုံးယောက်နဲ့ ထ ၁ နားက ညစျေးအစားထွက်စားတာ အဲ့တာ ၉ နာရီမထိုးခင်ထင်တယ် ပေါ်တာဆွဲခံလိုက်ရတာတဲ့ ၊ ကျွန်တော်လည်းမယုံဘူးပေါ့၊ နောက်နေ့ရောက်တော့ ကားဘော်ဒီအလုပ်ရုံး လူငယ်တစ်ယောက်ပါသွားတယ်ဆိုမှ ထပ်သိရတယ်”ဟု ဒေသခံတစ်ဦးမှုပြောသည်။

ပေါ်တာဆွဲခံရသည့် လူငယ်များ၏ အုပ်ထိန်းသူများက သက်ဆိုင်ရာ ရုံးကို မေးမြန်းသော်လည်း ဘာအဆက်အသွယ်မှမကြားရကြောင်း ၎င်းကဆက်ပြောသည်။

တောင်ကြီးမြို့ပေါ်၌ ည ၈ နာရီဝန်းကျင်ရပ်ကွက်တိုင်းလိုလို လူအသွားအလာနည်းပါးပြီး လူငယ်များအထူးသဖြင့် ညအချိန် သတ်ိရှိစေလိုကြောင်းနှင့် တောင်ပေါ်တွင်လည်း လူသွားနည်းချိန်၌ ဓားမြတိုက်ခြင်းနှင့် ကြုံတွေ့နိုင်ကြောင်းသိရသည်၊၊

PPV0013
ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#လူငယ်အချို့
#ညအချိန်
#သူငယ်ချင်းများနှင့်အပြင်ထွက်
#အလုပ်ပြန်ချိန်
#ပေါ်တာဆွဲခံရမှု
#အဆက်သွယ်မရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed