ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၊ ၂၀၂၄

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းခြံတွင်ပြောင်းချိုးနေသည့် နောင်ရင်းရွာနေ ဒေသခံ သားအမိနှစ်ဦးသေဆုံးခဲ့ရပြီးတစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တောင်ဘက် နောင်ရင်းကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်မနက် ၁၀ နာရီ အချိန် ခန့်က ပြောင်းချိုးနေသည့်ဒေသခံမိသားစု ၃ ဦး စစ်ကောင်စီ ၏ဒရုန်းဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း PNLAထံမှသိရသည်။

“စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်ရှိတဲ့ အဲဒီနေရာရဲ့အနောက်ဘက်ကနေဒရုန်းတက်လာပြီးဗုံးလာကြဲ သွားတာ၊ အဲနေရာက စစ်ကောင်စီ ထိန်းချုပ်နယ်မြေပဲ တိုက်ပွဲမဖြစ်ဘူး” ဟု PNLA ပြောခွင့်ရ ခွန်ရိုင်းယံ က ခမ်းသားငေါဝ်း ကိုပြောသည်။

ဒရုန်းဗုံး တိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေး နှင့်အမေဖြစ်သူနန်းထွေးတို့ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အဖေဖြစ်သူ ခွန်ငယ်လေးက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

နောင်ရင်းရွာ ဒရုန်းဗုံး ကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။

နိုဝင်ဘာ ၃၀ရက်နေ့တွင်လည်း စစ်ကောင်စီက PNLO ထိန်းချုပ်သည့် မောက်မယ်မြို့နယ် ဟိုနမ်းဒေသ ပအိုဝ်းရွာနှစ်ရွာတွင် တိုက်လေယာဥ် ဖြင့် ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ပြီးနေအိမ် ၁၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၃၀ နေ့လည် ၂ နာရီအချိန်တွင် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော်ကားကို စစ်ကောင်စီ ပစ်ခတ်၍ဆရာတော်ပျံလွန်တော်မူခဲ့ပြီး ကားပေါ်ပါအခြား ဆရာတော်နှစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် လက်ရှိအချိန် ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ပအိုဝ်းအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ ပအိုဝ်းပြည်သူအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း PNLA ကထုတ်ပြန်ထားသည်။

#ppv002
#Humanright
#Hsihseng
#နောင်ရင်း
#ဒရုန်းဗုံးကြဲ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed