ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၊ ၂၀၂၄

ရပ်စောက်မြို့နယ် ဆက်သေဈေးတွင် ဈေးရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးအား”ဝ” UWSA တပ်ဖွဲ့ ဗိုလ်မူးတစ်ဦးက လက်အားဆွဲလား၊ ရမ်းလားအကြမ်းဖက်ပြုလုပ်ခဲ့ကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေဈေး၌ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အရက်၊ ဘီယာမူးနေသည်ဟု ယူဆရသည့်”ဝ” UWSA တပ်ဖွဲ့ ဗိုလ်မူးတစ်ဦးက ဈေးရောင်းနေသည့် အမျိုးသမီးငယ်အား လက်ကိုင်ပြီးဆွဲလားရမ်းလား အကြမ်းဖက်ခဲ့သည်။

“လူရိုင်းမျိုးပဲလေသူတို့က ဈေးထဲလူများလို့တော်သေး ဈေးထဲကလူတွေ ၊ ရွာလူကြီးတွေက ပြောပေးရတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုဗိုလ်မှူးသည် ဝတ်စုံဘက်တံဆိတ်က တောင်ပုံစံဘတ်တံဆိပ်နှင့် UWSA ဟုရေးထားကြောင်း SSPP/SSA တပ်သား နှင့်အတူ ဘုရားကုန်းတွင် တပ်စွဲထားသည့်အဖွဲ့ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကားနှစ်စီးနှင့် လူအယောက် ၂၀ ခန့်ရှိပြီး ဗိုလ်မူးဆိုသူက အမျိုးသမီးငယ်အား ဆွဲလား၊ ရမ်းလာ အကြမ်းဖက်နေစဉ် တပည့်တပ်သားများကဘေးတွင် ကင်းစောင့်ပေးနေကြောင်းဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေမြေမဲကျေးရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှခြံသွားသည့် ဒေသခံများအား အသွားကော်အပြန်ကော်စစ်ဆေးမှုပြုလုပ်နေသည်။

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#ရပ်စောက်မြို့နယ်
#ဆက်သေဈေး
#ဈေးရောင်းနေသည့်အမျိုးသမီးငယ်တစ်ဦး
#UWSA
#အကြမ်းဖက်ပြုလုပ်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed