ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၂၊ ၂၀၂၄

ကရင်နီ ပွန်ချောင်း စစ်ဘေးများအတွက် အလှူရှင်နည်းပါသဖြင့် ဆန်များပြတ်လပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို့နယ် ရှိ ပွန်ချောင်းစစ်ဘေးရှောင်များအတွက် အလှူရှင်နည်းပါးသဖြင့် ဆန်များအရေးပေါ်လိုအပ်နေသည်။

“အဓိက လိုအပ်တာက ဆန်ပါပဲ၊ ပွန်ချောင်း စစ်ရှောင်ကအမှတ်(၁)ကနေ အမှတ်(၇)အထိ ရှိတယ်ပေါ့နော်၊ဖရူဆိုကစစ်ဘေးရှောင်ကော တစ်ခြားလိုအပ်နေတာ များတဲ့အခါကျတော့၊တန်းတူ ရအောင်ဆန်နဲ့ ဆားပဲ အဓိကသွားဝေပေးဖြစ်ပါတယ်ရှင့်၊အလှူရှင်လည်း နည်းပါးလို့လေ” ဟု စစ်ဘေးရှောင်ကူညီတစ်ဦးမှ ပြောသည်။

စစ်ဘေးရှောင်သူများသည် လိုအပ်ချက်များစွာရှိသည့်အပြင် အိပ်ယာခင်းနှင့် စောင်များ ၊ အမိုးကာများလည်း လိုအပ်နေကြောင်းသိရသည်။

စစ်ဘေးရှောင်များကို လှူဒါန်းသူ အလှူရှင်များနည်းပါးသည့်အပြင် သွားရောက်လှူဒါန်းသည့်အချိန် လမ်းတွင် အစစ်ဆေးအဆင်ပြေသော်လည်း ကားဆီစျေးကြီးသဖြင့် သွားရောက်ကူညီသူများအတွက်လည်း အခက်အခဲများကြုံနေရကြောင်းသိရသည်။

ကရင်နီပြည် ပွန်ချောင်းတွင် စစ်ဘေးရှောင်လူဦး ၃၀၀၀ ကျော်အထိ ရှိနေပြီး စစ်ဘေးရှောင်များအတွက် အဓိက ဆန်များလိုအပ်လျက်ရှိကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ဘေးချောင််
#ပွန်ချောင်း
#ဆန်
#ရှားတောမြို့နယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed