Month: December 2024

ဖယ်ခုံမြို့အနောက်ခြမ်းတွင် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၄ ဖယ်ခုံအနောက်ခြမ်း ၊ ဆိုင်ခွန်ကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံး အလုံး ၄၀ ခန့်ဖြင့်ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ဆိုင်ခွန်ကျေးရွာ အနီးတွင် ယနေ့မနက် ၃ နာရီဝန်းကျင်အချိန်၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံး ၄၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်…

ထီးစဲခါးရေတံခွန်ကျောင်းတိုက်ဆရာတော် အသတ်ခံရမှုအပေါ် KNDF-PDF တပ်ဖွဲ့ပြုလုပ်သည်ဆိုပြီး ဝါဒဖြန့်ချိ နေသည့် စစ်ကောင်စီ

The People’s Voice – ခမ်းသားငေါဝ်း Fact Checking – အချက်အလက်စစ်ဆေးခြင်း ရှမ်း-(ကယား) ကရင်နီပြည်နယ်စပ် ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာတွင် ထီးစဲခါးရေတံခွန်ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော် ၃ ပါးမှ စီးနှင်းလာသည့် မော်တော်ယာဥ်ကားအား ပတ်ခတ်ခံရမူနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီတို့က တယ်လီဂရမ်နှင့် ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတို့တွင် ဖြန့်ဝေထားမူ များစွာ ရှိနေပါသည်။…

တောင်ကြီးမြို့ပေါ်ရှိ ညဘက်ပေါ်တာဆွဲခံရသည့် လူငယ်များ အဆက်သွယ်မရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ လူငယ်အချို့ ညအချိန် သူငယ်ချင်းများနှင့်အပြင်ထွက်ခြင်း၊ အလုပ်ပြန်ချိန်တို့တွင် ပေါ်တာဆွဲခံရမှုများလာပြီး ပေါ်တာဆွဲခံရသည့်လူငယ်များ အဆက်သွယ်မရကြောင်းတောင်ကြီးမြို့ခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆယ်ကျော်သက်လူငယ်များ လူလတ်ပိုင်းများ ညဘက် အလုပ်ပြန်ချိန်နှင့် သူငယ်ချင်းများဖြင့် အပြင်ထွက်ချိန် ည ၉ နာရီ ဝန်းကျင်ခန့်တွင် ပေါ်တာဆွဲခံရမှုများလာနေသည်၊၊ “ကောင်လေးတစ်ယာက် အသက်က ၁၉ လောက်ဘဲရှိအုံးမှာ…

တိုက်ပွဲထပ်ဖြစ်မည်ကိုစိုးရိမ်သဖြင့် စံကားဒေသခံများ ပြောင်းအမြန်ချိုးနေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၄ စံကားဒေသတွင် ဒေသခံများက တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသဖြင့် ပြောင်းဖူးများကို အမြန်ချိုးနေကြရကြောင့် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဒေသခံများကတိုက်ပွဲထပ်မံဖြစ်လာမည်ကိုနှင့် ပြောင်းဈေးနှုန်းများထိုးကျမည်ကိုစိုးရိမ်သောကြောင့် ပြောင်းများကိုအချိန်မှီရောင်းချနိုင်ရန် အမြန်ချိုးနေကြရကြောင်းသိရသည်။ “အခုချိန်ဆိုပြောင်းတွေက အကုန်မခြောက်ကြသေးဘူး တိုက်ပွဲထပ်ဖြစ်မှာကိုလည်းစိုးရိမ်ရတယ် ပြီး‌တော့ အရင်နှစ်လိုပြောင်းဈေးထိုးကျမှာကိုလည်းကြောက်တယ် အဲ့ကြောင့်အခုပြောင်းဈေးကောင်းရတုန်း အမြန်ချိုးကြတာ တစ်ချို့ဆိုအရင်လကတည်းကချိုးတော့ ရောင်း‌တောင်ရောင်းပြီးနေပြီ”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

အာဏာသိမ်းပြီး သုံးနှစ်ကြော်ကာလအတွင်း ကရင်နီပြည်တွင် အရပ်သားပြည်သူ ၅၀၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၄ ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အာဏာသိမ်းပြီးအချိန်မှစပြီး နိုဝင်ဘာလ ၃၀ ရက်အထိ အရပ်သားပြည်သူ ၅၃၂ ဦးသေဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။ အာဏာသိမ်းကာလအတွင်း ကရင်နီပြည်တွင် တိုက်ပွဲအကြိမ်ရေ ၁၂၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံခဲ့ရသော အကြိမ်အရေအတွက်မှာ ၁၇၄၆ ကြိမ်ရှိ၍ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေး…

မူဆယ်မြို့တွင် (၁)လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၄ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နိုဝင်ဘာလ (၁) လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀)လောင်းတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ(၂)ရက်နေ့တွင် (TNLA)မှ ထုတ်ပြန်ထားသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အတွင်းရှိ ရပ်ကွက်များတွင် ပိုင်ရှင်မဲ့တွေ့ရှိသလို ထို့ထဲတွင် ကျန်တစ်လောင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး…

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဆီဆိုင်ဒေသခံ ၂ ဦးသေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၄ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းခြံတွင်ပြောင်းချိုးနေသည့် နောင်ရင်းရွာနေ ဒေသခံ သားအမိနှစ်ဦးသေဆုံးခဲ့ရပြီးတစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တောင်ဘက် နောင်ရင်းကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်မနက် ၁၀ နာရီ အချိန် ခန့်က ပြောင်းချိုးနေသည့်ဒေသခံမိသားစု ၃ ဦး စစ်ကောင်စီ ၏ဒရုန်းဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း PNLAထံမှသိရသည်။ “စစ်ကောင်စီ…

ကရင်နီ ပွန်ချောင်း စစ်ဘေးရှောင်များ အတွက် အလှူရှင်နည်းပါးသဖြင့် ဆန်များပြတ်လပ်နေ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၄ ကရင်နီ ပွန်ချောင်း စစ်ဘေးများအတွက် အလှူရှင်နည်းပါသဖြင့် ဆန်များပြတ်လပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို့နယ် ရှိ ပွန်ချောင်းစစ်ဘေးရှောင်များအတွက် အလှူရှင်နည်းပါးသဖြင့် ဆန်များအရေးပေါ်လိုအပ်နေသည်။ “အဓိက လိုအပ်တာက ဆန်ပါပဲ၊ ပွန်ချောင်း စစ်ရှောင်ကအမှတ်(၁)ကနေ အမှတ်(၇)အထိ ရှိတယ်ပေါ့နော်၊ဖရူဆိုကစစ်ဘေးရှောင်ကော တစ်ခြားလိုအပ်နေတာ များတဲ့အခါကျတော့၊တန်းတူ ရအောင်ဆန်နဲ့ ဆားပဲ…

ဆတ်သေဈေး(ဆေꩻချို့ထီ)တွင် ဈေးရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးကို “ဝ” UWSA တပ်ဗိုလ်မှူးက အကြမ်းဖက်မှုပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၄ ရပ်စောက်မြို့နယ် ဆက်သေဈေးတွင် ဈေးရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးအား”ဝ” UWSA တပ်ဖွဲ့ ဗိုလ်မူးတစ်ဦးက လက်အားဆွဲလား၊ ရမ်းလားအကြမ်းဖက်ပြုလုပ်ခဲ့ကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေဈေး၌ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အရက်၊ ဘီယာမူးနေသည်ဟု ယူဆရသည့်”ဝ” UWSA တပ်ဖွဲ့ ဗိုလ်မူးတစ်ဦးက ဈေးရောင်းနေသည့်…

ဓနု အမျိုးသားကာကွယ်ရေး တပ်မတော်အပတ်စဉ်(၃) သင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၄ ဓနုအမျိုးသား ကာကွယ်ရေးတပ်ဦး/ဓနုအမျိုးသား ကာကွယ်ရေးတပ်တော် (DSNDF/DSNDA) အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဓနုဒေသ တနေရာတွင် အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာလ(၁)ရက်နေ့က ထုတ်ပြန်ထားသည်။ သင်တန်းဆင်းပွဲကို ဓနုဒေသ တနေရာတွင် နိုဝင်ဘာလ (၃၀)ရက်ကပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် တပ်ဖွဲ့ဝင်များ၏ အရည်အချင်းနှင့် ကိုက်ညီသည့် တာဝန်အသီးသီးကို ခွဲခြားပေးအပ်ခဲ့ကြောင်း (DSNDF) ရဲ့ ထုတ်ပြန်ချက်တွင်…

You missed