Month: November 2024

ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး စလစ်အတုများ ထုတ်ပေး၍ သိန်း ၂၀၀ လိမ်လည်သွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး တောင်ကြီးခေါ်၍ စလစ်အတုများ ထုတ်ပေးပြီး သိန်း ၂၀၀ လိမ်လည် သွားသဖြင့် နစ်နာသူများက အပူတပြင်း စုံစမ်းနေကြောင်း နစ်နာသူများထံမှ သိရသည်။ ပတ်စပိုစ့်များကို နယ်ကျော် လုပ်ပေးမည်ဆိုကာ တစ်ဦးလျှင် (၈) ခွဲ သိန်းနှုန်းဖြင့် (၂၅) ယောက် စာ သိန်းပေါင်း (၂၀၀)…

ဖယ်ခုံမြို့ကို ဒေသခံများ ပြန်မလာစေ၍ PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ရန် ညွန်ကြားချက်ပေးနေ ဟူသော သတင်းအမှား

The People’s Voice- ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးခြင်း Fact check ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ကို ဒေသခံများအား ပြန်မလာစေရန်အတွက် ပြည့်သူကာကွယ် ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ က တိုက်ပွဲဖန်တီး၍ မီးရှို့ရန်ညွှန်းကြားချက်ပေးနေသည်ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားဖြန့်ချိနေသည်။ “ကယန်းပြည်သစ် ဗိုလ်မူး သိန်းဟန်ပိုင်ဆိုင်သော ဆီးဘူးအနီးရှိ ခွီးတလုတ်ရွာရှိ အိုမီကာစားသောက်ဆိုင်နှင့် တည်းခိုခန်းဘန်ကာလိုတွင် တွေ့ဆုံ၍ဌေးမြင့်လိူင်ကိုဖယ်ခုံ…

အင်းနောက်ခြမ်း ကနုရွာနှင့် ကန်လှကျေးရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်အနည်းငယ် ပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊ ၂၀၂၄ အင်းလေးကန် အနောက်ဘက်ခြမ်း ကနုရွာ နှင့် ကန်လှ ကျေးရွာ တို့တွင် နိုဝင်ဘာလ ၂ ရက် ညနေပိုင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ် အနည်းငယ် ပျက်စီးခဲ့ကြောင်း ဒေသခံ ထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ခြမ်း ရွာသာကျေးရွာအုပ်စုရှိ ကနုရွာနှင့်ကန်လှ ကျေးရွာတို့တွင် နိုဝင်ဘာလ (၂)…

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဆိုင်ခန်းများ စျေးမြင့်နေသဖြင့် ပျံကျစျေးသည်များ ခက်ခဲ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊ ၂၀၂၄ ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ တန် ဆောင်တိုင် မီးပုံးပျံပွဲတော် ဆိုင်ခန်းများ စျေးမြင့်တက်နေသဖြင့် ပျံကျစျေးသည်များ ခက်ခဲနေကြောင်း စားသောက်ဆိုင်ထံမှသိရသည်။ ‘’ အရင်းအနှီး ၁၀ သိန်းလောက် ရှိတာအခု သစ်ပင်အောက် ဖွင့်တာတောင် ၅ သိန်းလောက် ကုန်သွားပြီ။ ဆိုင်ခန်းခ တစ်ခန်းကို ၁၀ သိန်းကျော်တယ် ပြောတယ်။ ပေ…

ရွှေဘုန်းပွင့် တောင်ပေါ် တက်လမ်းကို ငွေကျပ် ၂ ဒဿမ ၆ ဘီလီယံပြင်ဆင်ပြီးစီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊၂၀၂၄ တောင်ကြီးမြို့ ရွှေဘုန်းပွင့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ တောင်ပေါ် တက်လမ်း ကို ကုမ္ပဏီများနှင့် စည်ပင်ဌာန ပူးပေါင်းဆောင်ရွက်ရာ ငွေကျပ် ၂ ဒဿမ ၆ ဘီလီယံ ကျော် ဖြင့် ပြုပြင်ထားကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း (ဆေးတက္ကသိုလ်ဘက်မှ စ၍…

သတင်းသမားများအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများ အပြစ်ကင်းလွတ်ခြင်းမဖြစ်စေရေး ကြိုးပမ်းသွားမည်ဟု NUG ထုတ်ပြန်

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၃၊ ၂၀၂၄ မြန်မာနိုင်ငံတဝန်းရှိ သတင်းသမားများအပေါ် စစ်ကောင်စီက ကျုးလွန်နေသည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်းမျိုး မဖြစ်စေရေး၊ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ကြိုးပမ်းသွားမည်ဟု အပြည်ပြည်ဆိုင်ရာနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် NUG က ထုတ်ပြန်ထားသည်၊၊ သတင်းသမားများအပေါ် ကျုးလွန်နေသည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ကင်းလွတ်ခြင်း မျိုးမဖြစ်စေရေး စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ပြသခြင်း…

ဖယ်ခုံအနောက်ဖက်ခြမ်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲကြောင့် ဖယ်ခုံအနောက်ဘက်သို့ တိမ်းရှောင်လာနေရသော ပြည်သူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း- ဖယ်ခုံ နယ်စပ်တိုက်ပွဲ များကြောင့် ဒေသခံအမြောက်အများ စစ်ဘေးတိမ်းရှောင်နေရကာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။ ” ဒီရက်ပိုင်းမှ ထပ်ရောက်လာတဲ့သူတွေရှိတယ်၊ နေရာလွတ်တွေမှာပဲ တဲထိုးပြီးနေရတာပေါ့၊ အဲ့မှာ…

ကံဆန်းကျေးရွာသို့ စစ်ကောင်စီ အင်အား ၁၀၀ ခန့်စစ်ကြောင်းထိုး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ရှမ်း-ကရင်နီ နယ်စပ် ကံဆန်းကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုးရောက်ရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပါတ်အတွင်း စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်စစ်ကြောင်းထိုး ရောက်ရှိလာခြင်းဖြစ် သည်။ ” သူတို့က ကရင်နီဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးမယ်ထင်တယ်၊ အင်အားလာဖြည့်တာ ဖြစ်မယ်၊ ဖယ်ခုံ၊ ဆီဆိုင်…

ဟိုဝိုး၊လွယ်ကျိုင်း၊လင်ခံကျေးရွာများကိုစစ်ကောင်စီ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ​ပြည်သူ့စစ် တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့က နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။ ”…

ရပ်ထားသည့် ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း – ဟဲဟိုးသွားလမ်း တွင် ရပ်ထားသော ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှု အသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁) ရက် ညနေ ၃း၃၀ နာရီအချိန်ခန့် တွင် အောင်ပန်း-ဟဲဟိုးသွားလမ်း…