သစ်ပင်ကောက်ရွာရောက် စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က နေခွင့်မပေးပဲမောင်းထုတ်နေ
ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ပင်လောင်းမြို့နယ်တောင်ဘက်၊ သစ်ပင်ကောက်ရွာရောက်စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ကနေခွင့်မပေးပဲ မောင်းထုတ်နေကြောင်း အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာတွင် (၂၀၂၃)ခုနှစ်၌ (၁၁၁၁)စစ်ဆင်ရေးနှင့် ရှမ်းကယားနယ်စပ်တိုက်ပွဲများကြောင့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်ပြည်သူအများအပြားရောက်ရှိလာပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က နေခွင့်မပေးတော့ပဲ မောင်းထုတ်မှုရှိနေပြီး စစ်ရှောင်စခန်းထဲနေတာတွေ့ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။ “သူတို့(စစ်ကောင်စီတပ်ဖွဲ့)မောင်းထုတ်တာတော့ကြာပြီ နှစ်လလောက်ရှိပြီထင်၊…