ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၉၊ ၂၀၂၄

ဘုရားဖြူရပ်ကွက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများပြားပြီး သိမ်းဆည်းမှုမရှိဘဲ ပတ်ဝန်းကျင်ညစ်ညမ်းနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် နယ်မြေ ၁ နှင့် ၂ တို့တွင် လမ်းဘေး နှင့် ရေထွက်ရှိရာတောအစပ်များ၌ အမှိုက်များစုပုံ စွန့်ပစ်နေကြသည်။

” အခုဆိုနေရာတိုင်းအမှိုက်ပုံတွေကြီးပဲ၊ ရေထွက်ရှိတဲ့ တောအစပ်တွေမှာလည်း ပစ်ကြတယ်၊ အမှိုက်ကားတွေရောက်နေတာပဲကို အမှိုက်ကားနဲ့ မပစ်ကြဘူး၊ ပိုက်ဆံလေးနှစ်ထောင်သုံးထောင်ကို မကုန်ကျချင်ဘဲ တွေ့တဲ့နေရာမှာ အမှိုက်တွေပုံပြီးပစ်ကြတာ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လမ်းဘေး နှင့် ရေထွက်အနီးတွင် အမှိုက်စုပုံ စွန့်ပစ်ကြခြင်းကြောင့် လမ်းသွားလမ်းလာ လုပ်ရာတွင်လည်း အနံ့ဆိုးများထွက်နေပြီး ရေညစ်ညမ်းမှုလည်းဖြစ်နေကြောင်းသိရသည်။

” အဲ့ဒီဗုဒ္ဓတက္ကသိုလ်သွားတဲ့လမ်းဆို မနက်ခင်း လူအများကြီး ကျန်းမာရေးလမ်းလျှောက်ကြတယ်၊ အဲ့အမှိုက်ပုံတွေကနေ အနံ့ဆိုးတွေထွက်နေတာက အဆင်မပြေဘူးလေ၊ ပြီးတော့ သဘာဝ ရေထွက်ကရေတွေဆို ပြန်ယူသုံးကြရတာ ၊ အဲ့နားမှာ အမှိုက်လာပုံတော့ ရေညစ်ညမ်းမှုတွေဖြစ်စေတာပေါ့၊ အသိတရားလေးတွေထားပြီး ကို့အမှိုက်ကို စနစ် တကျ စွန့်ပစ်ကြဖို့လိုတယ်” ဟု ၎င်း ကဆက်ပြောသည်။

အဆိုပါ နေရာတစ်ဝိုက်တွင် အမှိုက်မပစ်ရ ဆိုင်းဘုတ်များထောင်ထားပြီး လိုက်နာမှုမရှိသော်လည်းထိထိရောက်ရောက်အရေးယူခြင်းများမရှိကြောင်းသိရသည်။

#PPV 003
#social
#ပတ်ဝန်းကျင်ညစ်ညမ်း
#တောင်ကြီး
#ဘုရားဖြူ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed