ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၉၊ ၂၀၂၄

ဆီဆိုင်မြို့တွင် နယ်ထိန်းရဲအေးသောင်းက သူခိုးများ၊ ဆေးသမားများကို ဖမ်းမိသော်လည်း ငွေဖြင့်လာရွေးခိုင်းပြီးပြန်လွတ်ပေးနေကြောင်းစုံစမ်းသိရှိ ရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့တွင် နေအိမ်ဖောက်ထွင်းသူခိုးများ၊ လောင်းကစားပြုလုပ်သူကိုဖမ်းပြီးပြန်လွတ်သလို ကြက်ဝိုင်း၊ဖဲဝိုင်းများကိုလည်း အခွန်ကောက်ခံနေကြောင်းသိရသည်။

“ရဲအေးသောင်းလို့ပြောရင်အကုန်သိတယ်၊ အခွန် ကောက်တဲ့နေရာတို့၊ဖမ်းထားတဲ့ သူခိုးတွေဆေးသမားတွေ၊ဒုစရိုက်သမားတွေကိုပိုက်ဆံနဲ့လာပြန်ရွှေးခိုင်းတဲ့နေရာမှာတော့နာမည်ကြီးတယ်၊ ခံရတဲ့လူတွေကတော့သူ့အကြောင်းပိုသိတာပေါ့”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုသို့သူခိုးများကိုဖမ်းပြီး ငွေယူပြန်လွတ်သည့်အတွက် ဒေသတွင်းခိုးဆိုလုယက်များပိုမိုဆိုးရွားလာကြောင်းသိရသည်။

အမျိူးသမီးတစ်ဦးကလည်း“အခုရွာတိုင်းလိုလိုကြက်ဝိုင်းဖြစ်ဖြစ်၊ ဖဲဝိုင်းဖြစ်ဖြစ်ထားရင်သူဆီအရင်ခွင့်ပြု ချက်တောင်းရတယ်လို့ကြားတယ်၊ပေးဖွင့်ရင်အခွန်ကောက်ပေးရတယ်၊ ဆီဆိုင်မှာတော်တော်နာမည်ကြီးတယ်သိပ်ပြီးမပြောရဲကြတာ”ဟုပြောသည်။

ဆီဆိုင်မြို့တွင်စစ်ပွဲပြီးကတည်းကသူခိုးတွေဆေးသမားတွေအရမ်းတောင်းကြမ်းသည့်အပြင်ပစ္စည်းများလည်းမကြာခဏဆိုသလိုပျောက်နေပြီး ပြည်သူများလုံခြုံမှု မရှိကြောင်းသိရပါသည်။

#ppv014
#Humanright
#ဆီဆိုင်
#နယ်ထိန်းရဲအေးသောင်း
#လောင်းကစား
#ခိုးဆိုလုယက်မှု
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed