ခမ်းသားငေါဝ်း

နိုဝင်ဘာ ၂၈၊ ၂၀၂၄

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC)၏ ရှေ့နေချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးရန် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် တရားရုံး တရားသူကြီးများထံ လျောက်ထားပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ၎င်း၏ပြောကြားချက်အပေါ် မည်သည့်အခါမှအသိအမှတ်ပြုခြင်းမရှိခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများတွင်ဖော်ပြထားသည်။

“မြန်မာနိုင်ငံသည် ICCအဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC၏ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင်ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကွကြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်”ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဤကဲ့သို့တုန့်ပြန်ပြောဆိုလိုက်သည်။

၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှဟ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ကြရသည့် အကြောင်းရင်းတို့ကို (၂၀၁၉)ခုနှစ်၌ စတင်စစ်ဆေးခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာဇဝတ်မှုများအတွက် တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်ကြောင်း ICC ထုတ်ပြန်ချက်တွင်ပါရှိသည်။

ICCမှဖမ်းဝရမ်းထုတ်ရန် လျှောက်ထားသည့် လျှောက်လွှာတွင် စာရွက်စာတမ်းအထောက်အထားများ၊ သိပ္ပံနည်းကျအတည်ပြုထားသည့် သက်သေများ၊ ဓာတ်ပုံနှင့် ဗီဒီယိုသက်သေများအပါ လူပုဂ္ဂိုလ်သက်သေ ထွက်ဆိုချက်များလည်းပေါကြောင်း ဆိုထားသည်။

ယခု ICC၏ဖမ်းဝရမ်းလျှောက်ထားမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဆီးအမိန့်ထုတ်ရန် ပထမဆုံးလျောက်ထားခြင်းဖြစ်သည်ဟုလည်း ICCကပြောဆိုထားသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#မင်းအောင်လိုင်
#နယ်သာလန်နိုင်ငံ
#အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး
#ICC
#ရှေ့နေချုပ်
#တရားရုံးတရားသူကြီးများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed